အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 24:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လေသာဆောင်​ပေါ်၌​ရှိ​သော​သူ​သည် မိမိ​အိမ်​ထဲမှ ပစ္စည်း​များ​ကို​ယူ​ရန် အောက်သို့​မ​ဆင်း​စေ​နှင့်။

အခန်းကိုကြည့်ပါ။

Common Language Bible

အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အိမ် မိုး ပေါ် တွင် ရှိ နေ သူ သည် အိမ် တွင်း ရှိ ပ စ္စည်း ကို ယူ ရန် ဆင်း သက် ခြင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

အိမ်​မိုး​ပေါ်​မှာ ရှိ​သော​သူ​သည် အိမ်​ထဲ​က ဥ​စ္စာ​ကို​ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

လသာဆောင်​ပေါ်တွင် ရှိသော​သူ​သည် မိမိ​အိမ်​ထဲမှ ပစ္စည်းများ​ကို မယူဘဲ အောက်​သို့ ဆင်း​၍ ထွက်ပြေး​ရမည်။

အခန်းကိုကြည့်ပါ။

မြန်မာ

အိမ်​မိုး​ပေါ်​မှာ ရှိ​သော​သူ​သည် အိမ်​ထဲ​က ဥ​စ္စာ​ကို​ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။-

အခန်းကိုကြည့်ပါ။



မဿဲ 24:17
14 ပူးပေါင်းရင်းမြစ်များ  

တစ်ညနေ​တွင် ဒါဝိဒ်​မင်းကြီး​သည် အိပ်ရာ​မှ​ထလာ​ပြီး ဘုရင့်​နန်းတော်​ခေါင်မိုးပြင်​သို့​တက်​၍ စင်္ကြံလျှောက်​နေစဉ် အလွန်​အဆင်းလှ​သော​မိန်းမ​တစ်ဦး ရေချိုး​နေ​သည်​ကို ထို​ခေါင်မိုးပြင်​မှ လှမ်းမြင်​ရ​၏​။


ထိုအခါ စာတန်​က ထာဝရဘုရား​အား “​အရေပြား​အဖို့ အရေပြား​ဆို​သကဲ့သို့ပင် လူ​သည် မိမိ​အသက်​အဖို့ အရာ​အားလုံး​ကို​ပင် ပေးဆပ်​နိုင်​မည်​သာ​ဖြစ်​ပါ​၏​။


သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။


ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့ ထွက်ပြေး​ကြ​စေ။


လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​၏​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။


သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။


သို့ဖြစ်၍ မှောင်မိုက်​၌ သင်​တို့​ပြောဆို​သော​အရာ​တို့​ကို အလင်း​၌​ကြား​ကြ​လိမ့်မည်။ အိမ်​အတွင်း​ခန်း​ထဲ၌ နား​အပါး​ကပ်​၍ သင်​တို့​ပြောဆို​သော​အရာ​များ​ကို လေသာဆောင်​ပေါ်မှ ကြေညာ​ကြ​လိမ့်မည်။


သို့ရာတွင် လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သဖြင့် လေသာဆောင်​အပေါ်သို့​တက်​ကာ အုတ်ကြွပ်​ကို​ခွာ​၍ လူနာ​ကို ပရိသတ်​အလယ် ယေရှု​၏​ရှေ့​တော်​သို့ အိပ်ရာ​နှင့်တကွ​လျှောချ​ကြ​၏။


နောက်တစ်နေ့​တွင် ထို​သူ​တို့​သည် ခရီး​ပြု​လျက် ယုပ္ပေ​မြို့​အနီး​သို့​ရောက်လာ​ကြ​စဉ် မွန်းတည့်​ချိန်​ဝန်းကျင်​၌ ပေတရု​သည် ဆုတောင်း​ရန် လေသာဆောင်​ပေါ်သို့ တက်​သွား​လေ​၏။


တစ်စုံတစ်ယောက်​သည် သင့်​အိမ်​ပေါ်မှ​ပြုတ်ကျ​၍ သင့်​အိမ်​၌​လူသတ်​သော​အပြစ် မ​ကျရောက်​စေရန် သင်​သည် အိမ်​အသစ်​ဆောက်​သောအခါ သင်​၏​ခေါင်မိုးပြင်​၌ အကာအရံ​လုပ်​ရ​မည်​။


သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ မြို့​ထဲသို့​ပြန်ဆင်းလာ​ပြီး ရှမွေလ​သည် ခေါင်မိုးပြင်​တွင် ရှောလု​နှင့်​စကားပြော​၏​။