ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
မဿဲ 22:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို နှုတ်တော်ထွက်စကားဖြင့် အကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။ Common Language Bible ထိုနောက်ဖာရိရှဲတို့သည်ထွက်သွားပြီးလျှင် ကိုယ်တော်အားအဘယ်သို့ပရိယာယ်ဆင်၍ မေးမြန်းရမည်ကိုဆွေးနွေးတိုင်ပင်ကြ၏။- Garrad Bible ထို အ ခါ ဖာ ရိ ရှဲ တို့ သည် သွား၍ ကိုယ် တော် ကို စ ကား အား ဖြင့် ကျော့ မိ ရန် တိုင် ပင် ကြံ စည် ကြ ပြီး လျှင် ကိုယ့် တ ပည့် များ ကို Judson Bible ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည် သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့သည် စုဝေးလျက် ယေရှုမိန့်တော်မူမည့် စကားတော်ထဲမှ အမှားကို ရှာ၍ ဖမ်းဆီးရန် တိုင်ပင်ကြ၏။ မြန်မာ ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည် သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊- |
ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
ငါ့ကိုလာကြည့်သောသူသည်လည်း မဟုတ်မမှန်ပြောဆို၏။ သူ၏စိတ်နှလုံးတွင် ယုတ်ညံ့သောအရာကို စုဆောင်းလျက် အပြင်သို့ထွက်သွားသောအခါ ထိုအရာကိုပြောဆို၏။
သူတို့သည် အကျွန်ုပ်ခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုင်းညွတ်နိမ့်ကျနေပါ၏။ သူတို့သည် အကျွန်ုပ်သွားမည့်လမ်း၌ ထောင်ချောက်တွင်းကို တူးထားပြီး သူတို့ကိုယ်တိုင် ထိုတွင်းထဲသို့ ကျကြပါ၏။(စေလာ)
အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။
စကားအားဖြင့် လူကိုအပြစ်ပြုစေသောသူ၊ မြို့တံခါးဝတွင် အဆုံးအဖြတ်ပေးသူကိုထောင်ချောက်ဆင်သောသူ၊ ဖြောင့်မတ်သောသူကို အကြောင်းမဲ့ဘေးဖယ်သူ အပေါင်းတို့သည် ဖယ်ရှားခြင်းခံရမည်။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။
ဤသို့ ငါဆိုသည်မှာ သင်တို့၏အကျိုးအတွက်ဖြစ်၍ သင်တို့ကိုချုပ်ချယ်ရန်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ အာရုံထွေပြားခြင်းမရှိဘဲ သခင်ဘုရား၏အမှုကို အစဉ်မပြတ်ဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်၏။
ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။