ထိုမိန်းမသည် မိမိပျိုရွယ်စဉ်ကတည်းက ပေါင်းဖော်ခဲ့သောသူကိုစွန့်ပစ်၍ မိမိဘုရားသခင်၏ပဋိညာဉ်ကို မေ့လျော့သူဖြစ်၏။
မဿဲ 19:6 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။ Common Language Bible သို့ဖြစ်၍သူတို့သည်နှစ်ဦးမဟုတ်၊ တစ်ဦးတည်း ဖြစ်၏။' `ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ ခွာစေနှင့်' ဟုမိန့်တော်မူ၏။ Garrad Bible သို့ ဖြစ်၍ လင် မ ယား သည် နှစ် ဦး မ ဟုတ်။ တစ် သား တည်း ဖြစ် သည် နှင့် ဘု ရား သ ခင် တွဲ ဖက် တော် မူ သော သူ တို့ ကို လူ မ ခွဲ မ ခွာ ရ ဟု မိန့် တော် မူ ၏။ Judson Bible ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်ဦးတည်းဖြစ်ကြ၏။ ဘုရားသခင် ပေါင်းဖက်စေတော်မူသောသူတို့ကို မည်သူကမျှ မခွဲခွာစေနှင့်” ဟု မိန့်တော်မူ၏။ မြန်မာ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။- |
ထိုမိန်းမသည် မိမိပျိုရွယ်စဉ်ကတည်းက ပေါင်းဖော်ခဲ့သောသူကိုစွန့်ပစ်၍ မိမိဘုရားသခင်၏ပဋိညာဉ်ကို မေ့လျော့သူဖြစ်၏။
သို့သော် သင်တို့က “အဘယ်ကြောင့်နည်း”ဟု မေးလျှင် အကယ်စင်စစ် သင်နှင့် သင်ငယ်စဉ်က ပေါင်းဖော်ခဲ့သောသင့်မယားကြားတွင် ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ သင်သည် သင့်ဘဝဖော်၊ သင်နှင့်ကတိသစ္စာပြုထားသောမယားကို သစ္စာဖောက်သောကြောင့်ဖြစ်၏။
“မိမိမယားနှင့်ကွာရှင်းသောသူ၊ ရက်စက်ကြမ်းကြုတ်မှုကို ဝတ်လုံနှင့်ဖုံးကွယ်သောသူအား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မုန်းတော်မူ၏။ သို့ဖြစ်၍ ကိုယ့်စိတ်ကို ထိန်း၍ သစ္စာမဖောက်ကြနှင့်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖော်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်’ဟု မိန့်တော်မူခဲ့ကြောင်း သင်တို့မဖတ်ဖူးကြသလော။
ဖာရိရှဲတို့က “သို့ဖြစ်လျှင် ဖြတ်စာကိုပေး၍ မယားကိုကွာရှင်းရန် အဘယ်ကြောင့် မောရှေသည် ပညတ်ခဲ့သနည်း”ဟု မေးလျှောက်ကြ၏။
ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။
ဥပမာဆိုသော် ကာမပိုင်ရှိသောအမျိုးသမီးတစ်ဦးသည် ပညတ်တရားအရ အသက်ရှင်နေသောခင်ပွန်းနှင့်အနှောင်အဖွဲ့ရှိ၏။ ခင်ပွန်းသေလျှင်မူကား ခင်ပွန်းနှင့်ပတ်သက်သောပညတ်တရားမှ ကင်းလွတ်၏။
ထိုနည်းတူ ခင်ပွန်းသည်တို့သည်လည်း မိမိတို့၏ဇနီးသည်ကို မိမိတို့ကိုယ်ခန္ဓာကဲ့သို့ ချစ်ကြရမည်။ မိမိ၏ဇနီးသည်ကို ချစ်သောသူသည် မိမိကိုယ်ကိုချစ်သောသူဖြစ်၏။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။