တပည့်တော်တို့သည် ထိုအသံကိုကြားလျှင် အလွန်ကြောက်ရွံ့လျက် သူတို့မျက်နှာကို မြေမှာအပ်ထားကြ၏။
ထိုအသံကိုတပည့်တော်တို့ကြားသောအခါ လွန်စွာကြောက်လန့်၍ပျပ်ဝပ်လျက်နေကြ၏။-
အ လွန် ကြောက် ရွံ့ ဝပ် လျှိုး ကြ ၏။
တပည့်တော်တို့သည် ကြားရလျှင်၊ ပျပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်း ရှိကြ၏။-
တပည့်တော်တို့သည် ထိုအသံတော်ကို ကြားသောအခါ အလွန်အမင်းကြောက်ရွံ့၍ မြေပေါ်တွင် ပျပ်ဝပ်ကြ၏။
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။
ငါသည်လည်း လွင်ပြင်သို့ ထသွားသောအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် ခေဗာမြစ်နား၌မြင်ခဲ့ရသော ဘုန်းအသရေတော်ကဲ့သို့ တည်နေသည်ကို တွေ့ရသဖြင့် ငါပျပ်ဝပ်လေ၏။
ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။
ထိုအခါ ဂါဗြေလသည် ငါ့ထံချဉ်းကပ်လာသဖြင့် ငါလည်း ကြောက်လန့်တုန်လှုပ်၍ မှောက်လျက်လဲကျသွား၏။ သူကလည်း “အချင်းလူသား၊ ဤဗျာဒိတ်နိမိတ်သည် နောက်ဆုံးကာလနှင့်ဆိုင်သည်ကို သိမှတ်လော့”ဟု ငါ့အား ပြောပြ၏။
ထိုအခါ ထာဝရဘုရားထံတော်မှမီးဆင်းသက်၍ ယဇ်ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်နှင့်အဆီတို့ကိုလောင်ကျွမ်းလေ၏။ လူအပေါင်းတို့သည် တွေ့မြင်သောအခါ ရွှင်လန်းစွာကြွေးကြော်လျက် ပျပ်ဝပ်ရှိခိုးကြလေ၏။
ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုသည် ချဉ်းကပ်လာ၍ သူတို့ကိုတို့ထိကာ“ထကြလော့၊ မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
ထိုအခါ အကျွန်ုပ်သည် မြေပေါ်သို့လဲကျသွားရာ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း’ဟု အကျွန်ုပ်အားပြောသောအသံကို ကြားရပါသည်။
အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားရာ ဟေဗြဲဘာသာစကားဖြင့်‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း။ တုတ်ချွန်ကိုကန်ရန် သင့်အတွက်ခက်၏’ဟု အကျွန်ုပ်အားပြောသောအသံကို အကျွန်ုပ်ကြားရပါသည်။
ငါတို့သည် သန့်ရှင်းသောတောင်ပေါ်တွင် ကိုယ်တော်နှင့်အတူရှိကြစဉ် ကောင်းကင်မှရောက်လာသော ထိုအသံတော်ကိုကြားရကြ၏။
ယဇ်ပလ္လင်မှမီးလျှံသည် ကောင်းကင်သို့တက်နေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း ယဇ်ပလ္လင်မှမီးလျှံနှင့်အတူ တက်သွား၏။ ထိုသို့မြင်ရလျှင် မာနော်နှင့် သူ့မယားသည် မြေပေါ်သို့ ချက်ချင်းပျပ်ဝပ်လေ၏။
မာနော်က မိမိမယားအား “ငါတို့သည် ဘုရားသခင်ကို တွေ့မြင်ရပြီဖြစ်၍ အမှန်ပင်သေရတော့မည်”ဟု ဆို၏။