သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
မဿဲ 16:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“ဗာယောနရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို အသွေးအသားက သင့်အား ဖွင့်ပြသည်မဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်က ဖွင့်ပြတော်မူ၏။ Common Language Bible သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။- Garrad Bible ထို အ ခါ ယေ ရှု က ရှိ မုန် ဗာ ယော န၊ သင်၌ မင်္ဂ လာ ရှိ၏။ ထို အ ကြောင်း ကို အ သွေး အ သား ဖြစ် သူ တို့ ဖွင့် ပြ သည် မ ဟုတ် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် ဖွင့် ပြ တော် မူ၏။ Judson Bible ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။ မြန်မာ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။- |
သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့”ဟု မိန့်တော်မူ၏။
သူ့ကို ယေရှုထံသို့ခေါ်ဆောင်လာ၏။ (မေရှိယ၏အဓိပ္ပာယ်မှာ ဘိသိက်ခံရသူဟူ၍ဖြစ်၏။) ယေရှုသည် ရှိမုန်ကိုစူးစိုက်ကြည့်၍“သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ သင်သည် ကေဖဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ (ကေဖ၏အဓိပ္ပာယ်မှာ ကျောက်ဟူ၍ဖြစ်၏။)
ပရောဖက်ကျမ်းများတွင် ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံရသောသူများဖြစ်ကြလိမ့်မည်’ဟု ရေးထားသည်ဖြစ်၍ ခမည်းတော်ထံ၌ ကြားနာပြီး နည်းခံသောသူတိုင်းသည် ငါ့ထံသို့လာကြ၏။
ညီအစ်ကိုတို့၊ ငါဆိုသည်ကား အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံ၍မရနိုင်။ ဖောက်ပြန်ပျက်စီးတတ်သောအရာသည်လည်း ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို အမွေဆက်ခံ၍မရနိုင်။
မိမိ၏သားတော်အကြောင်းကို လူမျိုးခြားတို့တွင်ဟောပြောစေရန်အတွက် ထိုသားတော်ကို ငါ့အားဖော်ပြရန် အလိုရှိတော်မူသောအခါ ငါသည် အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု။
အကြောင်းမူကား သင်တို့သည် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ ၎င်းသည် သင်တို့ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။
ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို မိမိ၏သန့်ရှင်းသောတမန်တော်များနှင့်ပရောဖက်များအား ဝိညာဉ်တော်အားဖြင့် ယခုဖွင့်ပြတော်မူသကဲ့သို့ အခြားသောခေတ်ကာလများ၌ လူသားတို့အား သိစေတော်မမူခဲ့ပေ။
အကြောင်းမူကား ငါတို့သည် အသွေးအသားရှိသောသူကို ရင်ဆိုင်တိုက်ခိုက်နေကြသည်မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဤလောကီမှောင်မိုက်ခြင်းကို အစိုးတရပြုသောမင်းများ၊ အထက်ကောင်းကင်အရပ်၌ရှိသည့် ဆိုးညစ်သောဝိညာဉ်တန်ခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။