အို ထာဝရဘုရား၊ လူတို့သည် ကိုယ်တော်၏တရားတော်ကို ချိုးဖောက်ကြသည်ဖြစ်၍ ကိုယ်တော် စီရင်တော်မူချိန်ရောက်ပါပြီ။
မဿဲ 15:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် မိမိ၏ဖခင်ကိုဂုဏ်ပြုစရာမလိုပေ’ဟု ပြောဆိုကြ၏။ ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ Common Language Bible ထိုသူသည်မိဘအားထောက်ပံ့ရန်မလိုဟုသင် တို့သွန်သင်ကြ၏။ ဤသို့လျှင်သင်တို့သည်မိမိ တို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်ဘုရား သခင်၏ပညတ်တော်ကိုပစ်ပယ်ကြ၏။- Garrad Bible မိ ဘ ကို ရို သေ သ မှု မ ပြု ရ ဟု မြစ် တား ရာ ရောက်၍၊ ကိုယ့် ရှေး ထုံး နည်း အ တွက် နှင့် ဘု ရား သ ခင်၏ အ မိန့် တော် ကို အ ချည်း နှီး ဖြစ် စေ ကြ ပြီ တ ကား။ Judson Bible ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟု ဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤနည်းဖြင့် သင်တို့သည် မိဘကို ရိုသေရန် မလိုအပ်ကြောင်း လူတို့အား သွန်သင်ကြ၏။ သင်တို့သည် သင်တို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ကြ၏။ မြန်မာ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟု ဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။- |
အို ထာဝရဘုရား၊ လူတို့သည် ကိုယ်တော်၏တရားတော်ကို ချိုးဖောက်ကြသည်ဖြစ်၍ ကိုယ်တော် စီရင်တော်မူချိန်ရောက်ပါပြီ။
အကျွန်ုပ်၏ရန်သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မေ့လျော့ကြသောကြောင့် အကျွန်ုပ်၏စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကိုဖိစီးလွှမ်းမိုးလျက်ရှိပါ၏။
‘ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏ပညတ်တရားသည် ငါတို့နှင့်အတူရှိ၏’ဟု သင်တို့ မည်သို့ပြောနိုင်မည်နည်း။ အကယ်စင်စစ် ကျမ်းတတ်ဆရာတို့၏မုသားကညစ်မှ မုသားတရားထွက်လေပြီတကား။
ငါ့လူမျိုးတော်သည် အသိပညာမဲ့သောကြောင့် ပျက်စီးရလေပြီ။ သင်သည် အသိပညာကို ငြင်းပယ်သောကြောင့် သင့်ကို ယဇ်ပုရောဟိတ်အဖြစ်မှ ငါစွန့်ပယ်မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားတော်ကို မေ့လျော့သောကြောင့် သင့်သားသမီးတို့ကို ငါမေ့လျော့မည်။
သို့သော် သင်တို့က ‘မည်သူမဆို မိခင်၊ သို့မဟုတ် ဖခင်အား အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုဖြစ်ပါပြီဟု ဆိုလျှင်
ဤသို့ဖြင့် သင်တို့သည် မိမိတို့ဆက်ခံသောဓလေ့ထုံးတမ်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ ထိုကဲ့သို့သောအမှုအရာများစွာတို့ကိုလည်း သင်တို့ပြုကြ၏”ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် ငါတို့သည် ယုံကြည်ခြင်းကြောင့် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝမပယ်ဖျက်ကြ။ ပညတ်တရားကို တည်မြဲတည်စေကြ၏။
ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ဦး၌ ဆွေမျိုးတော်စပ်သည့်မုဆိုးမများရှိလျှင် အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ထိုမုဆိုးမတို့ကို သူကိုယ်တိုင်ကူညီစောင့်ရှောက်ပါစေ။ သို့ပြုလျှင် အသင်းတော်သည် အမှန်တကယ်အကူအညီလိုအပ်သည့်မုဆိုးမများကို ကူညီစောင့်ရှောက်နိုင်လိမ့်မည်။
မည်သူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားတို့ကို ဂရုမစိုက်ဘဲနေလျှင် ထိုသူသည် ယုံကြည်ခြင်းကိုငြင်းပယ်ပြီဖြစ်၍ မယုံကြည်သူထက် ဆိုးရွား၏။