တစ်စုံတစ်ခုကို သန့်ရှင်းသောအရာအဖြစ် အလျင်စလိုဆက်ကပ်၍ ကတိသစ္စာပေးပြီးမှ ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ထောင်ချောက်ဖြစ်၏။
မဿဲ 15:5 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့က ‘မည်သူမဆို မိခင်၊ သို့မဟုတ် ဖခင်အား အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုဖြစ်ပါပြီဟု ဆိုလျှင် Common Language Bible သို့ရာတွင်သင်တို့သွန်သင်ကြသည်ကားဤသို့ တည်း။ အကယ်၍လူတစ်ယောက်၌အဖသို့မဟုတ် အမိအားထောက်ပံ့ရန်ပစ္စည်းတစ်စုံတစ်ရာရှိ သော်လည်း ယင်းပစ္စည်းကိုဘုရားသခင်အဖို့လှူ ပြီးပစ္စည်းဖြစ်သည်ဟုဆိုလျှင်၊- Garrad Bible သင် တို့ မူ ကား မည် သူ မ ဆို မိ ဘ အား ထောက် ပံ့ သင့် သော ငွေ ကို လှူ ပြီး ဖြစ် သည် ဟု ဆို လျှင်၊ Judson Bible သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သင်တို့ကမူ ‘မိဘအား ထောက်ပံ့ရန် ပစ္စည်းရှိသော်လည်း ထိုပစ္စည်းကို ဘုရားသခင်အား လှူဒါန်းပြီးဖြစ်ပါက သူတို့ကို ထောက်ပံ့ရန် မလိုတော့’ ဟု သွန်သင်ကြ၏။ မြန်မာ သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊- |
တစ်စုံတစ်ခုကို သန့်ရှင်းသောအရာအဖြစ် အလျင်စလိုဆက်ကပ်၍ ကတိသစ္စာပေးပြီးမှ ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ထောင်ချောက်ဖြစ်၏။
အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင်၊ သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု မိန့်တော်မူခဲ့၏။
ထိုသူသည် မိမိ၏ဖခင်ကိုဂုဏ်ပြုစရာမလိုပေ’ဟု ပြောဆိုကြ၏။ ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။
သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။