ဇာဗုလုန်သည် ပင်လယ်ကမ်းခြေ၌နေထိုင်၍ သူသည် သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဆီဒုန်မြို့တိုင်အောင်ရောက်လိမ့်မည်။
မဿဲ 15:21 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် ထိုအရပ်မှ ထွက်ခွာ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၏နယ်မြေဒေသများသို့ ကြွတော်မူ၏။ Common Language Bible သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာတော်မူ ၍ တုရုနှင့်ဇိဒုန်နယ်များသို့ကြွတော်မူ၏။- Garrad Bible ယေ ရှု သည် ထို အ ရပ် မှ ထွက် ပြီး လျှင် တု ရု နှင့် ဇိ ဒုံ နယ် များ သို့ ကြွ တော် မူ ရာ။ Judson Bible ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ဂါလိလဲပြည်မှ ထွက်ခွာ၍ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့၏ အရပ်ဒေသများသို့ ကြွတော်မူ၏။ မြန်မာ ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊- |
ဇာဗုလုန်သည် ပင်လယ်ကမ်းခြေ၌နေထိုင်၍ သူသည် သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဆီဒုန်မြို့တိုင်အောင်ရောက်လိမ့်မည်။
ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
လက်ဘနွန်ပြည်မှစ၍ မိသရဖောသမိမ်ပြည်တိုင်အောင် တောင်ပေါ်ဒေသတွင်နေထိုင်သောဆီဒုန်လူမျိုးအပေါင်းတို့ကို အစ္စရေးအမျိုးသားတို့ရှေ့မှ ငါနှင်ထုတ်မည်။ ငါမိန့်မှာသည့်အတိုင်း ဤပြည်ကို အစ္စရေးလူမျိုးတို့အား အမွေမြေအဖြစ် သင်ခွဲဝေပေးရမည်။
အာရှာအမျိုးအနွယ်သည်လည်း အက္ခောမြို့သား၊ ဆီဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကိုမနှင်ထုတ်ခဲ့ပေ။