တစ်ဖန် ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြားရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များဖြစ်တည်စေ။ ထိုအလင်းအိမ်တို့သည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေ။
မဿဲ 15:2 - မြန်မာ့စံမီသမ္မာကျမ်း “သင်၏တပည့်များသည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ချိုးဖောက်ကြသနည်း။ အကြောင်းမှာ သူတို့သည် အစာစားသည့်အခါ သူတို့၏လက်ကိုမဆေးကြပါ”ဟု လျှောက်ကြ၏။ Common Language Bible သူတို့က ``အရှင်၏တပည့်များသည်အဘယ် ကြောင့်ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုမလိုက်နာကြပါသနည်း။ သူတို့သည်နည်း မှန်အတိုင်းလက်မဆေးဘဲစားသောက်ကြပါ သည်တကား'' ဟုလျှောက်ထားကြ၏။ Garrad Bible ယေ ရှု ထံ လာ၍ ဆ ရာ့ တ ပည့် တို့ သည် လူ ကြီး တို့ ရှေး ထုံး နည်း ကို အ ဘယ် ကြောင့် လွန် ကျူး ကြ သ နည်း။ လက် မ ဆေး ပဲ အ စာ စား ကြ သည် တ ကား ဟု ဆို ကြ သော်။ Judson Bible ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင်၏တပည့်တို့သည် ရှေးလူကြီးများ၏ ဓလေ့ထုံးတမ်းကို အဘယ်ကြောင့် ချိုးဖောက်ကြသနည်း။ သူတို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရလက်ဆေးခြင်းအစဉ်အလာကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။ မြန်မာ ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊- |
တစ်ဖန် ဘုရားသခင်က “နေ့နှင့်ညကိုပိုင်းခြားရန် မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်များဖြစ်တည်စေ။ ထိုအလင်းအိမ်တို့သည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေ။
ထို့ကြောင့် ဘုရင့်နန်းတော်တံခါးရှိ မင်းမှုထမ်းတို့က မော်ဒကဲအား “သင်သည် ရှင်ဘုရင်၏အမိန့်ကို အဘယ်ကြောင့် မနာခံသနည်း”ဟု မေးကြ၏။
ကိုယ်တော်က“သင်တို့သည်လည်း မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်ချိုးဖောက်ကြသနည်း။
တပည့်တော်အချို့တို့သည် မစင်ကြယ်သောလက်၊ တစ်နည်းဆိုသော် မဆေးထားသောလက်ဖြင့် အစာစားနေကြသည်ကို တွေ့မြင်ကြ၏။
ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “သင်၏တပည့်တို့သည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းနှင့်အညီမလိုက်လျှောက်ဘဲ မစင်ကြယ်သောလက်ဖြင့် အစာစားကြသနည်း”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
သို့သော် အစာမသုံးဆောင်မီ ဦးစွာဆေးကြောခြင်းပြုတော်မမူသည်ကို ထိုဖာရိရှဲသည်မြင်၍ အံ့သြလေ၏။
ငါသည် ဂျူးဘာသာတရား၌ ငါ့လူမျိုးထဲရှိသက်တူရွယ်တူများထက် သာလွန်ပြီး ငါ့ဘိုးဘေးတို့၏ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ အလွန်စိတ်အားထက်သန်ခဲ့သည်ကိုလည်းကောင်း သင်တို့ကြားသိထား၏။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
အကြောင်းမူကား သင်တို့သည် ဘိုးဘေးများထံမှဆက်ခံသည့် သင်တို့၏အချည်းနှီးသောအသက်ရှင်နေထိုင်မှုထဲမှ ရွေးနုတ်ကယ်တင်ခြင်းခံရသည်မှာ ရွှေ၊ ငွေ စသောယိုယွင်းပျက်စီးတတ်သည့်အရာများအားဖြင့်မဟုတ်ဘဲ