သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။
မဿဲ 15:18 - မြန်မာ့စံမီသမ္မာကျမ်း ခံတွင်းမှထွက်လာသည့်အရာများမူကား စိတ်နှလုံးထဲမှထွက်လာပြီး လူကိုညစ်ညူးစေ၏။ Common Language Bible ခံတွင်းကထွက်သည့်အရာမူကားစိတ်နှလုံး ထဲမှထွက်လာသောအရာဖြစ်၏။ ထိုအရာမျိုး သည်လူကိုညစ်ညမ်းစေ၏။- Garrad Bible ခံ တွင်း မှ ထွက် သည့် အ ရာ များ မူ ကား စိတ် နှ လုံး က လာ သည် ဖြစ်၍ လူ ကို မ သန့် အောင် ပြု၏။ Judson Bible ခံတွင်းမှထွက်သော အရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ခံတွင်းမှ ထွက်သောစကားသည် စိတ်နှလုံးမှ ထွက်လာသဖြင့် လူကို ညစ်ညမ်းစေ၏။ မြန်မာ ခံတွင်းမှထွက်သော အရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- |
သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။
ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် နှစ်သက်ဖွယ်သောအရာကို သိ၏။ ဆိုးယုတ်သောသူ၏နှုတ်မူကား ဖောက်ပြန်လွဲမှားသောအရာများကိုသာ သိ၏။
ပညာရှိသောသူတို့၏လျှာသည် အသိပညာကိုထုတ်ဖော်တတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်းကိုသွန်ထုတ်တတ်၏။
ဖြောင့်မတ်သောသူ၏စိတ်နှလုံးသည် မည်သို့ဖြေကြားရမည်ကို တွေးဆတတ်၏။ ဆိုးယုတ်သောသူတို့၏နှုတ်မူကား မကောင်းသောအရာများကို သွန်ထုတ်တတ်၏။
သင်၏စိတ်နှလုံးကို သတိဝီရိယရှိသမျှနှင့် ထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် အသက်၏အရင်းအမြစ်ဖြစ်၏။
ဆိုးညစ်သောသူနှင့် ယုတ်ညံ့သောသူသည် ကောက်ကျစ်သောနှုတ်ဖြင့်လှည့်လည်သွားလာကာ
မြွေဆိုးအမျိုးတို့၊ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက် ကောင်းသောအရာကို မည်သို့ပြောဆိုနိုင်မည်နည်း။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။
ခံတွင်းသို့ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်ပြီးလျှင် ရေအိမ်ထဲစွန့်ခြင်းခံရသည်ကို သင်တို့မသိကြသလော။
သခင်ကလည်း ‘ဆိုးညစ်သောအစေအပါး၊ သင်၏နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် မထည့်သွင်းထားသောအရာကိုထုတ်ယူ၍ မစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သည့် စည်းကမ်းကြီး၍တိကျသောသူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
‘ဆိုးယုတ်သောသူထံမှ ဆိုးယုတ်သောအမှု ထွက်တတ်၏’ဟူသော ရှေးဆိုရိုးရှိပါ၏။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။