မဿဲ 15:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာလျက် “ဖာရိရှဲတို့သည် မိန့်တော်မူသောစကားတို့ကိုကြား၍ ဘဝင်မကျဖြစ်ကြသည်ကို ကိုယ်တော်သိတော်မူပါသလော”ဟု လျှောက်ကြ၏။ Common Language Bible တပည့်တော်တို့သည်အထံတော်သို့လာ၍ ``အရှင် မိန့်တော်မူသောစကားကြောင့်ဖာရိရှဲတို့စိတ်ဆိုး ကြသည်ကိုသိတော်မူပါသလော'' ဟုလျှောက် ထားကြ၏။ Garrad Bible ထို အ ခါ တ ပည့် တော် တို့ သည် ချဉ်း ကပ်၍ ကြား သော ဖာ ရိ ရှဲ တို့ တိုက် လဲ ကြ သည် ကို သိ တော် မူ ပါ သ လော ဟု မေး လျှောက် ကြ ရာ၊ Judson Bible တပည့်တော်တို့သည် ချဉ်းကပ်၍၊ ယခုမိန့်တော်မူသော စကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟု လျှောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ “ကိုယ်တော်မိန့်တော်မူသောစကားကို ကြားသောအခါ ဖာရိရှဲတို့သည် မကျေမနပ်ဖြစ်ကြသည်ကို သိတော်မူသလော” ဟု လျှောက်ကြ၏။ မြန်မာ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ယခုမိန့်တော်မူသော စကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟု လျှောက်ကြ၏။- |
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
သို့သော် သူတို့ကိုမမှားယွင်းစေရန် ပင်လယ်သို့သွား၍ ငါးမျှားလော့။ ပထမဦးဆုံးမိသည့်ငါးကိုယူ၍ ၎င်း၏ပါးစပ်ကိုဖွင့်လျှင် သတာတဲငွေတစ်ပြားကိုတွေ့လိမ့်မည်။ ၎င်းကိုယူ၍ ငါနှင့်သင့်အတွက် သူတို့အား ပေးဆောင်လော့”ဟု မိန့်တော်မူ၏။
အမှုတော်လုပ်ငန်းသည် ပြစ်တင်ဝေဖန်ခြင်းမခံရစေရန် ငါတို့သည် မည်သည့်အမှုအရာ၌မျှ လူတို့အတွက် ခလုတ်တံသင်းမဖြစ်စေဘဲ
သို့သော် ကောင်းမြတ်သောသတင်း၏သမ္မာတရားသည် သင်တို့တွင် ဆက်၍တည်နေမည့်အကြောင်း ငါတို့သည် သူတို့ကို ခေတ္တခဏမျှပင် မလိုက်လျောခဲ့ကြပေ။
သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။