ထိုအခါ နာသန်က ဒါဝိဒ်မင်းကြီးအား “ထိုသူသည် အရှင်မင်းကြီးပင်ဖြစ်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ကို ရှောလုမင်းကြီးလက်မှ ကယ်နုတ်ပြီး အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးခဲ့၏။
မဿဲ 14:4 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။- Judson Bible အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။- မြန်မာ အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။- |
ထိုအခါ နာသန်က ဒါဝိဒ်မင်းကြီးအား “ထိုသူသည် အရှင်မင်းကြီးပင်ဖြစ်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ကို ရှောလုမင်းကြီးလက်မှ ကယ်နုတ်ပြီး အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးခဲ့၏။
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ဆိုးယုတ်သောသူသည် လိုက်သောသူမရှိဘဲလျက် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ပျိုကဲ့သို့ရဲရင့်တည်ကြည်၏။
ပညတ်တရားကိုစွန့်ပယ်သောသူတို့သည် ဆိုးယုတ်သောသူကိုချီးမွမ်းတတ်၏။ ပညတ်တရားကိုစောင့်ထိန်းသောသူတို့မူကား ဆိုးယုတ်သောသူတို့ကိုဆန့်ကျင်တတ်၏။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ပရောဖက်ယေရမိကလည်း ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးအား ဤစကားအလုံးစုံကို ဆင့်ဆိုလေ၏။
သင်၏အစ်ကို၊ သို့မဟုတ် ညီ၏မယားနှင့်ဆက်ဆံခြင်းကိုမပြုရ။ ထိုအမှုသည် သင်၏အစ်ကို၊ သို့မဟုတ် ညီကို ရှုတ်ချခြင်းဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိအစ်ကို၊ သို့မဟုတ် မိမိညီ၏မယားကိုယူလျှင် ထိုအမှုသည် ညစ်ညူးသောအမှုဖြစ်၏။ သူသည် မိမိအစ်ကို၊ သို့မဟုတ် ညီကိုရှုတ်ချသောကြောင့် သူတို့သည် သားသမီးမထွန်းကားဘဲနေလိမ့်မည်။
ယောဟန်က “သင်သည် အစ်ကို၏ဇနီးကိုသိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ပြောခဲ့သောကြောင့်ဖြစ်၏။