အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 10:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​သွား​ကြ​သောအခါ ‘ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ’​ဟု ဟောပြော​ကြ​လော့။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​အား `ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ' ဟု​ဟော​ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။

Garrad Bible

သွား စဉ် လည်း ကောင်း ကင် နိုင် ငံ တော် တည် လု ပြီ ဟု ဟော ပြော ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

သွား​စဉ်​တွင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ​ဟု သ​တင်း​ကြား​ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူတို့​ထံသို့ သွား​၍ ‘ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ’ ဟု ဟောပြောကြလော့။

အခန်းကိုကြည့်ပါ။

မြန်မာ

သွား​စဉ်​တွင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ​ဟု သ​တင်း​ကြား​ပြော​ကြ​လော့။-

အခန်းကိုကြည့်ပါ။



မဿဲ 10:7
19 ပူးပေါင်းရင်းမြစ်များ  

ဘုရားရှင်​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏​။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​ဘိသိက်ပေး​တော်မူ​ပြီ​။ စိတ်နှလုံး​ကြေကွဲ​သော​သူ​တို့​ကို ဖြေသိမ့်​ပေး​ရန်​၊ ဖမ်းဆီးချုပ်နှောင်​ခံရ​သူ​တို့​အား လွတ်မြောက်​ခြင်း​တရား​ကို​ဟောပြော​ရန်​၊ အကျဉ်းချ​ခံရ​သော​သူ​တို့​အား လွတ်ငြိမ်း​ခြင်း​တရား​ဟောပြော​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။


နာမကျန်း​ဖြစ်​သူ​တို့​ကို ကျန်းမာ​စေ​ကြ​လော့။ သေ​သော​သူ​တို့​ကို ထမြောက်​စေ​ကြ​လော့။ အနာကြီး​ရောဂါသည်​တို့​ကို စင်ကြယ်​စေ​ကြ​လော့။ နတ်ဆိုး​များ​ကို နှင်ထုတ်​ကြ​လော့။ သင်​တို့​သည် အခမဲ့​ရရှိ​ကြ​သည့်​အလျောက် အခမဲ့​ပေး​ကြ​လော့။


ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို မိန့်မှာ​တော်မူ​ပြီး​သောအခါ သူ​တို့​၏​မြို့​များ​တွင် သွန်သင်​ရန်​နှင့်​ဟောပြော​ရန် ထို​အရပ်​မှ ထွက်ခွာ​တော်မူ​၏။


ထို​သား​နှစ်​ယောက်​တို့​တွင် မည်သူ​သည် ဖခင်​၏​အလို​ကို​ဆောင်ရွက်​ခဲ့​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ပထမ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​သည် သင်​တို့​ထက်​အလျင်​ဦးစွာ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ကြ​၏။


ထို့ကြောင့် သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သင်​တို့​ထံမှ​သိမ်းယူ​၍ ထို​နိုင်ငံ​တော်​၏​အသီး​ကို​သီး​မည့်​လူမျိုး​ထံ ပေး​တော်မူ​လိမ့်မည်။


သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​ကို လူ​တို့​ရှေ့၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။


“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။


ထို​အချိန်​မှစ၍ ယေရှု​သည်“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု စတင်​ဟောပြော​တော်မူ​၏။


ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ လူ​တို့​နောင်တရ​ကြ​မည့်​အကြောင်း ဟောပြော​ကြ​၏။


ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​သည် ယောဟန်​လက်ထက်​တိုင်အောင်​ဖြစ်​၏။ ထို​အချိန်​မှစ၍ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​၏။ လူ​အပေါင်း​တို့​သည်​လည်း ထို​နိုင်ငံ​တော်​ထဲသို့ အတင်း​တိုးဝင်​ကြ​၏။


ထို့နောက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​ရန်​နှင့် နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေရန် သူ​တို့​ကို​စေလွှတ်​တော်မူ​၍


သူ​တို့​သည်​လည်း ထွက်သွား​ပြီးလျှင် တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ အရပ်ရပ်​တို့​တွင် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။


ကိုယ်တော်​က​လည်း“လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ။ သင်​မူကား သွား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​လော့”​ဟု မိန့်​တော်မူ​၏။


သူ​သည် ည​အခါ ယေရှု​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​ထံမှ​ကြွလာ​သော​ဆရာ​ဖြစ်​ကြောင်း​ကို အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​အတူ​ပါရှိ​တော်​မ​မူ​လျှင် ကိုယ်တော်​ပြု​နေ​သော ဤ​နိမိတ်​လက္ခဏာ​များ​ကို မည်သူမျှ ပြု​နိုင်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။


ပေတရု​ဝင်​လာ​သောအခါ ကော်နေလိ​သည် သူ့​ကို​ကြိုဆို​၍ သူ​၏​ခြေရင်း​၌​ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏။


မည်သည့်​အတား​အဆီး​မျှ​မ​ရှိ​ဘဲ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့် ဟောပြော​ကာ သခင်​ယေရှု​ခရစ်တော်​၏​အကြောင်း​များ​ကို သွန်သင်​လေ​၏။


တမန်တော်​တို့​သည် ယေရှု​ကို​အကြောင်းပြု​လျက် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို လူ​တို့​အား သွန်သင်​ဟောပြော​နေ​ကြ​သောကြောင့် ထို​သူ​တို့​သည် စိတ်အနှောင့်အယှက်​ဖြစ်​လျက်