Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 6:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ လူ​တို့​နောင်တရ​ကြ​မည့်​အကြောင်း ဟောပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍​လူ​တို့ နောင်​တ​ရ​ကြ​စေ​ရန်​ဟော​ပြော​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို သူ တို့ ထွက် သွား ပြီး လျှင် နောင် တ ရ ကြ စေ ရန် ဟော ပြော လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ နောင်​တ​တ​ရား​ကို ဟော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 တပည့်တော်တို့​သည်လည်း ထွက်သွား​၍ လူတို့​ကို အပြစ်များ​မှ နောင်တရ​၍ ဘုရားသခင်​ထံသို့ ပြောင်းလဲ​ရန် ဟောပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

12 တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ နောင်​တ​တ​ရား​ကို ဟော​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 6:12
23 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ အို အစ္စရေး​အမျိုး​၊ သင်​တို့​နည်းလမ်း​အတိုင်း သင်​တို့​တစ်ဦးစီ​ကို ငါ​စီရင်​မည်​။ သင်​တို့ အပြစ်​ကျူးလွန်​ရာ​မှ နောင်တရ​၍ ပြန်လာ​လော့​။ သို့ပြုလျှင် သင်​တို့​ပြု​သော​အပြစ်​သည် သင်​တို့​အဖို့ ခလုတ်တံသင်း ဖြစ်​မည်​မ​ဟုတ်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို မိန့်မှာ​တော်မူ​ပြီး​သောအခါ သူ​တို့​၏​မြို့​များ​တွင် သွန်သင်​ရန်​နှင့်​ဟောပြော​ရန် ထို​အရပ်​မှ ထွက်ခွာ​တော်မူ​၏။


ထို့နောက် တန်ခိုး​လက္ခဏာ​အများစု​ပြု​တော်မူ​ရာ​မြို့​များ​သည် နောင်တ​မ​ရ​သောကြောင့် ကိုယ်တော်​သည် ထို​မြို့​တို့​ကို​ပြစ်တင်​ပြောဆို​လျက်


“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။


သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။


ထို​အချိန်​မှစ၍ ယေရှု​သည်“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု စတင်​ဟောပြော​တော်မူ​၏။


‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သွား​၍​သင်ယူ​ကြ​လော့။ အကြောင်းမူကား ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။


“အချိန်​ပြည့်စုံ​ပြီ။ ဘုရားသခင်​၏​နိုင်ငံ​တော်​လည်း ပေါ်ထွန်း​လုနီး​ပြီ။ နောင်တရ​၍ ကောင်းမြတ်​သော​သတင်း​ကို ယုံကြည်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


“တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့”​ဟု ပရောဖက်​ဟေရှာယ​၏​ကျမ်း​တွင် ရေး​ထား​သည်​နှင့်အညီ


တရား​စီရင်​တော်မူ​သည့်​အခါ နိနေဝေ​မြို့သား​တို့​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် ယောန​၏​ဟောပြော​ချက်​ကြောင့် နောင်တရ​ကြ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ယောန​ထက်​ကြီးမြတ်​သော​သူ​ရှိ​၏။


ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်။


ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ထိုနည်းတူ နောင်တရ​သော​အပြစ်သား​တစ်​ဦး​အတွက် ဘုရားသခင်​၏​ကောင်းကင်တမန်​များ​ထဲတွင်​ဝမ်းမြောက်​ခြင်း​ရှိ​၏​ဟု သင်​တို့​အား ငါ​ဆို​၏”​ဟူ၍ မိန့်​တော်မူ​၏။


ထိုနည်းတူ နောင်တရ​စရာ​မ​လို​သည့် ဖြောင့်မတ်​သော​သူ​ကိုးဆယ့်ကိုး​ဦး​အတွက်​ထက် နောင်တရ​သည့်​အပြစ်သား​တစ်​ဦး​အတွက် ကောင်းကင်​ဘုံ​၌ ပို၍​ကြီးမား​သော​ဝမ်းမြောက်​ခြင်း​ရှိ​လိမ့်မည်​ဟု သင်​တို့​အား​ငါ​ဆို​၏။


ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။


သူ​တို့​သည်​လည်း ထွက်သွား​ပြီးလျှင် တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ အရပ်ရပ်​တို့​တွင် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။


သူ​တို့​သည် ထို​စကား​ကို​ကြား​သောအခါ တိတ်ဆိတ်​သွား​ကြ​၏။ ထို့နောက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “သို့ဖြစ်လျှင် ဘုရားသခင်​သည် အသက်ရှင်​ခြင်း​သို့​ရောက်​စေ​သည့်​နောင်တ​တရား​ကို လူမျိုးခြား​တို့​အား​လည်း ပေး​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


ပေတရု​က​လည်း “သင်​တို့​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တရ​၍ သင်​တို့​တစ်ဦးစီ​သည် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​လော့။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော ကောင်းချီး​လက်ဆောင်​ကို ရရှိ​ကြ​လိမ့်မည်။


ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။


ဦးစွာ ဒမတ်စကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်​မြို့​နှင့် ယုဒ​နယ်​တစ်နယ်လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ လူမျိုးခြား​တို့​ကို​လည်းကောင်း နောင်တရ​၍ ဘုရားသခင်​ထံ​ပြောင်းလဲ​ကာ နောင်တ​နှင့်​ထိုက်တန်​သော​အမှု​များ​ကို ပြု​ကြ​ရန် ဟောပြော​ခဲ့​ပါ​သည်။


ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ