အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။
မြည်တမ်းစကား 5:3 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် ဖခင်မရှိသော ဖတဆိုးများဖြစ်ကြပြီ။ မိခင်သည်လည်း မုဆိုးမ ဖြစ်ရလေပြီ။ Common Language Bible ကျွန်တော်မျိုးတို့၏ဖခင်များသည်ရန်သူ၏ သတ်ဖြတ်မှုကိုခံရကြလျက် မိခင်များမှာမုဆိုးမများ ဖြစ်ရကြပါ၏။ Garrad Bible အ ကျွန်ုပ် တို့ သည် ဘ သက် စိုး၊ မိ ခင် တို့ လည်း မုတ် ဆိုး မ အ ဖြစ် ရောက် ကြ လေ စွ။ Judson Bible အကျွန်ုပ်တို့သည် မိဘမရှိသောသူငယ် ဖြစ်ကြပါ၏။ အဘဆုံးပါပြီ။ အမိသည် မုဆိုးမကဲ့သို့နေရပါ၏။ |
အကယ်၍ သင်နှိပ်စက်၍ သူတို့သည် ငါ့ထံ အော်ဟစ်မည်ဆိုလျှင် သူတို့၏အော်ဟစ်ငိုကြွေးသံကို ငါအသေအချာနားထောင်မည်။
ငါအမျက်ထွက်ပြီး သင်တို့ကို ဓားဖြင့်ကွပ်မျက်မည်။ ထိုအခါ သင်တို့၏မယားတို့သည် မုဆိုးမများ၊ သင်တို့၏သားသမီးတို့သည် ဖတဆိုးများဖြစ်ကြရလိမ့်မည်။
မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။