ကြွေးရှင်သည် သူပိုင်ဆိုင်သောအရာအားလုံးကို သိမ်းယူပြီး သူစိမ်းတို့သည် သူလုပ်ဆောင်ရရှိသောအရာကို လုယူကြပါစေ။
မြည်တမ်းစကား 5:2 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့ အမွေမြေသည် သူစိမ်းလက်သို့ ရောက်လေပြီ။ အကျွန်ုပ်တို့ နေအိမ်များသည် တစ်ပါးအမျိုးသားတို့လက်သို့ ရောက်လေပြီ။ Common Language Bible ကျွန်တော်မျိုးတို့၏ပစ္စည်းဥစ္စာများသည် သူစိမ်းတစ်ရံဆံတို့၏လက်သို့ရောက်ရှိနေပါပြီ။ လူမျိုးခြားများသည်ကျွန်တော်မျိုးတို့၏အိမ်များတွင် နေထိုင်လျက်ရှိကြပါ၏။ Garrad Bible သူ စိမ်း တို့ သည်၊ အ ကျွန်ုပ် တို့ ပိုင် မြေ။ လူ မျိုး ခြား တို့ သည်၊ အ ကျွန်ုပ် တို့ ပိုင် အိမ် များ ကို။ ခံ ယူ ရ ကြ လေ ပြီ။ Judson Bible အကျွန်ုပ်တို့ အမွေခံရာမြေသည် တစ်ပါးအမျိုးသားလက်သို့လည်းကောင်း၊ နေရာအိမ်တို့သည်လည်း တစ်ကျွန်းတစ်နိုင်ငံသားတို့ လက်သို့လည်းကောင်း ရောက်ပါပြီ။ |
ကြွေးရှင်သည် သူပိုင်ဆိုင်သောအရာအားလုံးကို သိမ်းယူပြီး သူစိမ်းတို့သည် သူလုပ်ဆောင်ရရှိသောအရာကို လုယူကြပါစေ။
သင်တို့ပြည်သည် လူသူကင်းမဲ့လေပြီ။ သင်တို့၏မြို့များကိုလည်း မီးလောင်လေပြီ။ တစ်ပါးအမျိုးသားတို့သည် သင်တို့၏မြေကို သင်တို့ရှေ့၌ ဝါးမျိုကြပြီ။ တစ်ပါးအမျိုးသားတို့ဖျက်ဆီးသဖြင့် လူသူကင်းမဲ့လေပြီ။
သိုးသငယ်တို့သည် မိမိတို့စားကျက်၌ ကျက်စားကြလိမ့်မည်။ သူစိမ်းတစ်ရံဆံတို့သည် သူဌေးတို့၏ပြိုပျက်ရာကို ဝါးမျိုကြလိမ့်မည်။
ကိုယ်တော်၏သန့်ရှင်းသောလူမျိုးတော်တို့ ခဏသာပိုင်ဆိုင်ရပြီး ရန်သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို နင်းချေကြပြီ။
သင့်အား ငါပေးသောအမွေကို သင်လက်လွတ်ရမည်။ သင်မသိသောပြည်တွင် သင်၏ရန်သူတို့အား သင်အစေခံရမည်။ အစဉ်အမြဲတောက်လောင်နေမည့် ငါ့အမျက်မီးကို သင်မွှေးလေပြီ။
ထိုပြည်သားတို့အပေါ် ငါ၏လက်ကိုဆန့်မည်ဖြစ်၍ သူတို့၏မယားများနှင့်တကွ အိမ်များ၊ လယ်ယာများသည် အခြားသူများလက်ထဲသို့ ရောက်သွားလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
တိုင်းတစ်ပါးသားတို့ လုယူရာ၊ ဆိုးယုတ်သောမြေကြီးသားတို့ တိုက်ယူရာ ဖြစ်စေမည်။ သူတို့သည် ထိုတန်ဆာတို့ကို ညစ်ညူးစရာ ဖြစ်စေကြလိမ့်မည်။
ငါသည် ဆိုးညစ်သောလူမျိုးတို့ကို ခေါ်ခဲ့၍ သူတို့နေထိုင်ရာအိမ်များကို သိမ်းပိုက်စေမည်။ ခွန်အားကြီးသောသူတို့၏မာနကို ချိုးပစ်မည်။ သူတို့၏သန့်ရှင်းရာဌာနကို ညစ်ညူးစေမည်။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
အစ္စရေး ဝါးမျိုခံရလေပြီ။ သူတို့သည် လူမျိုးခြားတို့အလယ်တွင် မည်သူမျှအလိုမရှိသောတန်ဆာပလာကဲ့သို့ ဖြစ်၏။
သူတို့၏ဥစ္စာပစ္စည်းသည် လုယက်ပစ္စည်းဖြစ်လိမ့်မည်။ သူတို့၏အိမ်များသည်လည်း လူသူကင်းမဲ့လိမ့်မည်။ အိမ်ကိုဆောက်သော်လည်း နေရမည်မဟုတ်၊ စပျစ်ခြံစိုက်သော်လည်း စပျစ်ဝိုင်ကို သောက်ရမည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။