ယေရမိ 6:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထိုပြည်သားတို့အပေါ် ငါ၏လက်ကိုဆန့်မည်ဖြစ်၍ သူတို့၏မယားများနှင့်တကွ အိမ်များ၊ လယ်ယာများသည် အခြားသူများလက်ထဲသို့ ရောက်သွားလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 အိမ်၊ လယ် ယာ၊ မ ယား ပါ၊ သူ တစ် ပါး တို့ အား လွှဲ အပ် ခံ ကြ ရ လ တ္တံ့။ ပြည် သူ ပြည် သား တို့ အ ပေါ် တွင် လက် ရုံး တော် ကို ငါ ဆန့် တန်း မည်။ အခန်းကိုကြည့်ပါ။Judson Bible12 သူတို့အိမ်နှင့်တကွ လယ်ယာ၊ မိန်းမတို့သည် သူတစ်ပါးလက်သို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
‘ကြည့်ရှုလော့။ ယုဒဘုရင်နန်းတော်၌ ကျန်ရစ်သောမိန်းမအပေါင်းတို့ကို ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ ခေါ်ဆောင်သွားကြမည်။ ထိုမိန်းမတို့က မင်းကြီးယုံကြည်ရသောမိတ်ဆွေတို့သည် မင်းကြီးကို သွေးဆောင်ကြပြီ၊ အနိုင်ရကြပြီ။ မင်းကြီး၏ခြေသည် ရွှံ့ထဲနစ်သွားလေပြီ။ မိတ်ဆွေတို့လည်း ကျောခိုင်းသွားလေပြီဟု ဆိုကြလိမ့်မည်။
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။
ထိုနေ့ရက်၌ လူတို့က သင်တို့ကို ပုံခိုင်း၍ ‘ငါတို့ လုံးလုံးပျက်စီးကြရပြီ။ ကိုယ်တော်သည် ငါ့လူမျိုးတို့၏အမွေမြေကို သူတစ်ပါးအား လွှဲပြောင်းပေးပြီ။ ငါ့ထံမှလည်း ရုပ်သိမ်းလိုက်ပြီ။ ငါတို့၏လယ်ယာကိုလည်း ရန်သူအား ပေးလိုက်လေပြီ’ဟူ၍ ခါးသီးစွာငိုကြွေးမြည်တမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။