ငါ့မိန်းမသည် အခြားသူ၏မိန်းမအတွက် ကြိတ်ဆုံကြိတ်ရပါစေ။ အခြားသူတို့သည် သူ့ကို ရှုတ်ချကြပါစေ။
မြည်တမ်းစကား 5:13 - မြန်မာ့စံမီသမ္မာကျမ်း လူပျိုတို့သည် ကြိတ်ဆုံကျောက်ကို ထမ်းရကြပြီ။ သူငယ်တို့သည် ထင်းပုံကြီးကို မနိုင်မနင်းထမ်းရကြပြီ။ Common Language Bible လူငယ်လူရွယ်များသည်ကျေးကျွန်သဖွယ် စပါးကြိတ်ရကြပါ၏။ လူငယ်တို့သည်လည်းလေးလံသော ထင်းစည်းများကိုယိမ်းယိုင်ကာသယ်ပို့ရ ကြပါ၏။ Garrad Bible လူ ပျို တို့ သည် ကြိတ် ဆုံ ကို ထမ်း ရ လျက်။ သူ ငယ် တို့ သည် ထင်း ကို မ နိုင် တ နိုင် သယ် ရ ကြ၏။ Judson Bible လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာ လဲရကြပါ၏။ |
ငါ့မိန်းမသည် အခြားသူ၏မိန်းမအတွက် ကြိတ်ဆုံကြိတ်ရပါစေ။ အခြားသူတို့သည် သူ့ကို ရှုတ်ချကြပါစေ။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ ကြိတ်ဆုံနောက်ရှိ ကျွန်မ၏သားဦး၊ တိရစ္ဆာန်တို့၏သားဦးရှိသမျှတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့သည် သေကြလိမ့်မည်။
မောရှေအရွယ်ရောက်ပြီးနောက် တစ်နေ့သောအခါ သူသည် မိမိအမျိုးသားချင်းများထံသို့သွားရာ သူတို့သည် ကြမ်းတမ်းသောအလုပ်များ လုပ်ရသည်ကိုမြင်လေ၏။ ထိုအချိန်၌ မိမိအမျိုးသားချင်းဖြစ်သော ဟေဗြဲအမျိုးသားတစ်ဦးကို အီဂျစ်အမျိုးသားတစ်ဦးက ရိုက်နှက်နေသည်ကိုမြင်လျှင်
သင့်ကိုမုန်းသောသူ၏မြည်းသည် လဲကျ၍ ဝန်အောက်၌ပိနေသည်ကို သင်တွေ့မြင်လျှင် ရှောင်မသွားဘဲ အမှန်ကူညီရမည်။
ကြိတ်ဆုံကိုယူ၍ မုန့်ညက်ကြိတ်လော့။ သင်၏မျက်နှာလွှားကို ဖယ်လော့။ ဝတ်ရုံကို ချွတ်လော့။ အဝတ်ကို ပေါင်အထိပင့်၍ မြစ်ကိုကူးလော့။
ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား မတရားသောအချည်အနှောင်ကို ဖြေပေးခြင်း၊ ထမ်းပိုးကြိုးတို့ကို ချွတ်ပေးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသောသူတို့ကို လွတ်လပ်ခွင့်ပေးခြင်း၊ ထမ်းပိုးရှိသမျှတို့ကိုချိုးခြင်းပင် မဟုတ်လော။
ကောင်းကင်မိဖုရားထံ မုန့်ပူဇော်ရန် သားသမီးတို့က ထင်းကောက်ကြ၏။ ဖခင်တို့က မီးမွှေးကြ၏။ မိခင်တို့က မုန့်နယ်ကြ၏။ သူတို့သည် အခြားသောဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့်လည်း ငါ့ကိုအမျက်ထွက်စေကြ၏။
သူတို့သည် လေးလံ၍ ထမ်းရခက်သောဝန်များကို ထုပ်ပိုးလျက် လူတို့၏ပခုံးပေါ်တင်တတ်ကြ၏။ သူတို့ကိုယ်တိုင်ကမူ ၎င်းတို့ကို မိမိတို့၏လက်ဖျားနှင့်မျှ မရွှေ့လိုကြ။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။