ငါ၏လူမျိုးတော်ကို ငါအမျက်ထွက်၏။ ငါ၏အမွေခံကို ငါရှုတ်ချ၍ သူတို့ကို သင့်လက်သို့ငါအပ်လိုက်၏။ သို့သော် သင်သည် သူတို့ကို သနားစုံမက်ခြင်းမရှိ။ အသက်ကြီးသူတို့ကိုပင် အလွန်လေးလံသောထမ်းပိုးကို ထမ်းစေ၏။
မြည်တမ်းစကား 5:12 - မြန်မာ့စံမီသမ္မာကျမ်း မိမိတို့လက်ဖြင့် အကြီးအကဲတို့ကို ချိတ်ဆွဲထားကြပါ၏။ သက်ကြီးဝါကြီးတို့ကိုလည်း မလေးစားကြပါ။ Common Language Bible ရန်သူများသည်ကျွန်တော်မျိုးတို့၏ ခေါင်းဆောင်များအား ဖမ်းဆီး၍စက်တိုင်တင်ကြပါ၏။ သူတို့သည်အသက်ကြီးသူများကိုလည်း ရိုသေလေးစားမှုမပြုကြပါ။ Garrad Bible မှူး မတ် တို့ သည် လက် ကို ချည် ဆွဲ ခြင်း။ လူ ကြီး တို့ သည် မ ထီ လေး စား ပြု ခြင်း များ ကို ခံ ရ ကြ လေ စွ။ Judson Bible မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ။ |
ငါ၏လူမျိုးတော်ကို ငါအမျက်ထွက်၏။ ငါ၏အမွေခံကို ငါရှုတ်ချ၍ သူတို့ကို သင့်လက်သို့ငါအပ်လိုက်၏။ သို့သော် သင်သည် သူတို့ကို သနားစုံမက်ခြင်းမရှိ။ အသက်ကြီးသူတို့ကိုပင် အလွန်လေးလံသောထမ်းပိုးကို ထမ်းစေ၏။
ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။
အို ထာဝရဘုရား၊ ကြည့်ရှု၍ဆင်ခြင်တော်မူပါ။ ကိုယ်တော်သည် မည်သူ့ကို ဤကဲ့သို့ပြုတော်မူခဲ့သနည်း။ အလိုလေး၊ မိန်းမတို့သည် မိမိရင်ခွင်ပိုက်ကလေးငယ်၏အသားကို စားရတော့မည်လော။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့လည်း ဘုရားရှင်၏သန့်ရှင်းရာဌာနတော်၌ ကွပ်မျက်ခံရတော့မည်လော။
ထာဝရဘုရားကိုယ်တော်တိုင် သူတို့ကို ကွဲလွင့်စေတော်မူပြီ။ သူတို့ကို မကြည့်ရှုတော့ပေ။ လူတို့သည် ယဇ်ပုရောဟိတ်တို့ကို မရိုသေကြ။ သက်ကြီးဝါကြီးတို့ကို မသနားကြ။
ဆံပင်ဖြူသူကို အရိုအသေပေးရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။