သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
မြည်တမ်းစကား 5:11 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဇိအုန်မြို့သူများ၊ ယုဒမြို့ရွာတို့မှ အပျိုကညာတို့ကို အဓမ္မပြုကြပါပြီ။ Common Language Bible ကျွန်တော်မျိုးတို့၏ဇနီးများသည် ဇိအုန်တောင်ပေါ်၌ပင်လျှင် မုဒိမ်းအကျင့်ခံရကြပါ၏။ ကျွန်တော်မျိုးတို့၏သမီးပျိုများသည် ယုဒကျေးရွာမှန်သမျှ၌ အနိုင်အထက်မတော်မတရားပြုကျင့်မှုကို ခံရကြပါ၏။ Garrad Bible မိန်း မ တို့ သည် ဇိ အုန် မြို့၌၎င်း၊ အ ပျို တို့ သည် ယု ဒ မြို့ ရွာ များ၌၎င်း၊ မု ဒိမ်း ကျင့် ခြင်း။ Judson Bible ဇိအုန်မြို့၌ မိန်းမများကိုလည်းကောင်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကိုလည်းကောင်း၊ အဓမ္မပြုကြပါ၏။ |
သူတို့ကလေးငယ်များသည် သူတို့မျက်စိရှေ့တွင် ကိုင်ပေါက်ခံရလိမ့်မည်။ သူတို့အိမ်သည် တိုက်ခိုက်လုယက်ခံရ၍ သူတို့မယားသည်လည်း အဓမ္မပြုကျင့်ခြင်းခံရလိမ့်မည်။
ငါသည် လူမျိုးတကာတို့ကိုစုဝေး၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်စေမည်။ သူတို့သည် မြို့ကိုသိမ်းပိုက်ပြီး အိမ်တို့ကို မွှေနှောက်လှန်လှောကြလိမ့်မည်။ အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုလည်း ဖမ်းခေါ်သွားပြီး ကျန်တစ်ဝက်ကို မြို့ထဲ၌ ချန်ထားကြလိမ့်မည်။
သင်သည် မိန်းမနှင့်စေ့စပ်ထားသော်လည်း အခြားသူက ထိုမိန်းမနှင့်အိပ်လိမ့်မည်။ သင်သည် အိမ်ကိုဆောက်သော်လည်း ထိုအိမ်၌နေရမည်မဟုတ်။ စပျစ်ခြံကို စိုက်ပျိုးသော်လည်း အကျိုးခံစားရမည်မဟုတ်။