ငါ့အသားအရေသည် အရိုး၌ကပ်နေပါ၏။ သွားဖုံးသာကျန်လျက် အသက်လွတ်ရုံသာရှိပါ၏။
မြည်တမ်းစကား 4:8 - မြန်မာ့စံမီသမ္မာကျမ်း ယခုမူ သူတို့၏အသားသည် မီးသွေးထက်မည်းသဖြင့် လမ်းတွင်တွေ့လျှင်ပင် မမှတ်မိ၊ အသားအရေသည် အရိုး၌ကပ်နေသဖြင့် ထင်းခြောက်သဖွယ် ဖြစ်လေပြီ။ Common Language Bible ယခုအခါသူတို့၏အရုပ်အဆင်းသည် မည်းနက်လျက် မျိုးမည်မပေါ်ဘဲလမ်းများပေါ်တွင်လဲ၍ သေနေရကြ၏။ သူတို့အသားအရည်မှာသစ်သားသဖွယ် ခြောက်ကပ်လျက်အရိုးများပေါ်တွင်တွန့်လိမ်၍ နေလေပြီ။ Garrad Bible လမ်း တွင် သိ မှတ် သူ ကင်း သည့် တိုင် အောင်၊ မီး သွေး ထက် အ သား မည်း လျက်၊ ထင်း သ ဖွယ် တွန့် သော အ ရေ နှင့် အ ရိုး ကပ် လျက်၊ ပျက် ယွင်း ကြ လေ စွ။ Judson Bible ယခုမူကား၊ သူတို့အဆင်းသည် မှောင်မိုက်ထက်မည်းသည်ဖြစ်၍ လမ်း၌မထင်ရှား။ သူတို့အရေသည် အရိုး၌ကပ်၍ ထင်းကဲ့သို့ သွေ့ခြောက်လေ၏။ |
ငါ့အသားအရေသည် အရိုး၌ကပ်နေပါ၏။ သွားဖုံးသာကျန်လျက် အသက်လွတ်ရုံသာရှိပါ၏။
သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။
ငါ့အရေပြားများ ညိုမဲသွားပြီး ကွာကျကုန်ပါပြီ။ ငါ့ကိုယ်ခန္ဓာသည်လည်း အဖျားကြောင့် ပူခြစ်လျက်ရှိပါ၏။
သူ၏အသားအရေများလည်း မမြင်ရလောက်အောင် ပိန်လှီသွားပြီး သူ၏မထင်ရှားဖူးသောအရိုးများမှာလည်း ငေါထွက်လေ၏။
အကျွန်ုပ်၏နေ့ရက်များသည် ညနေစောင်းအရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ခြောက်သွေ့သွားပါ၏။
အကျွန်ုပ်သည် အခိုးရိုက်သော သားရေဘူးကဲ့သို့ဖြစ်သော်လည်း ကိုယ်တော်၏ပြဋ္ဌာန်းချက်ကို မမေ့လျော့ပါ။
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
ကိုယ်တော်၏အမျက်တော်ကြောင့် အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။ အကျွန်ုပ်၏အပြစ်များကြောင့် အကျွန်ုပ်၏အရိုးတို့သည် သန်စွမ်းခြင်းမရှိပါ။
သူ၏ရုပ်ရည်သည် လူမဟုတ်သကဲ့သို့၊ သူ၏ရုပ်ဆင်းသဏ္ဌာန်သည် လူသားမဟုတ်သကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သဖြင့် လူများစွာတို့သည် သူ့ကိုအလွန်အံ့အားသင့်ကြ၏။
ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် အကျွန်ုပ်တို့ အရေပြားသည် မီးဖိုမှမီးကဲ့သို့ ပူလောင်နေပါ၏။
မြို့သည် ဘာမျှမကျန်အောင် ပျက်စီး၍ ဟင်းလင်းပြင်ဖြစ်လေပြီ။ လူတို့သည်လည်း စိတ်ပျက်အားလျော့လျက်၊ ကြောက်ဒူးတုန်လျက်၊ ခါးချည့်လျက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကြလေပြီ။
‘ငါတို့ခြေတွင်ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့’ဟု ဟောပြောကြလော့။