ဘေဘီလုံဘုရင်သည် အီဂျစ်မြစ်မှယူဖရေးတီးမြစ်တိုင်အောင် အီဂျစ်ဘုရင်ပိုင်နက်အားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့် အီဂျစ်ဘုရင်သည် မိမိပြည်မှ စစ်ချီထွက်၍မရတော့ချေ။
မြည်တမ်းစကား 4:17 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။ Common Language Bible ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့် နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။ Garrad Bible ငါ တို့ သည်၊ အ ချည်း နှီး သော စစ် ကူ ခြင်း ကို မျှော် လျက်၊ မျက် စိ အား ကုန် ၏။ ဘေး မ လွတ် စေ နိုင် သော လူ မျိုး ခြား ကို၊ စောင့် စား မျှော် စော ကြ လေ ပြီ။ Judson Bible ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မျှော်လင့်၍ မမြင်ရကြ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ်မှာ အကျိုးမရှိဘဲ စောင့်ကြပြီ။ |
ဘေဘီလုံဘုရင်သည် အီဂျစ်မြစ်မှယူဖရေးတီးမြစ်တိုင်အောင် အီဂျစ်ဘုရင်ပိုင်နက်အားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့် အီဂျစ်ဘုရင်သည် မိမိပြည်မှ စစ်ချီထွက်၍မရတော့ချေ။
သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
သင်တို့၏သေခြင်းနှင့်ဖွဲ့သောပဋိညာဉ်သည် ပျက်လိမ့်မည်။ သင်တို့၏မရဏာနိုင်ငံနှင့်ပြုသောသဘောတူညီမှုသည် တည်လိမ့်မည်မဟုတ်။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ သင်တို့ကို နင်းချေသွားလိမ့်မည်။
ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။
သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။
သင်သည် မိမိခေါင်းပေါ်၌ လက်ကိုတင်လျက် ထိုပြည်မှထွက်သွားရလိမ့်မည်။ ထာဝရဘုရားသည် သင်ကိုးစားသောသူတို့ကို ပယ်တော်မူပြီဖြစ်၍ သင်သည် သူတို့အားဖြင့် ကောင်းစားလိမ့်မည်မဟုတ်။
ရိတ်သိမ်းချိန်ကျော်လွန်ပြီ။ နွေရာသီကုန်ဆုံးပြီ။ ငါတို့မူကား ကယ်တင်ခြင်းမခံရသေးပါတကား။
ငါ့ချစ်သူတို့ကို ငါခေါ်သော်လည်း သူတို့သည် ငါ့ကိုလှည့်စားကြလေပြီ။ ငါ၏ယဇ်ပုရောဟိတ်များနှင့်သက်ကြီးဝါကြီးတို့သည် ဆက်လက်ရှင်သန်နိုင်ရန် အစာရေစာရှာဖွေရင်း မြို့တွင်း၌ပင် သေဆုံးကြလေပြီ။
ဂျေရုဆလင်မြို့သည် အနှိပ်စက်ခံရချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်တွင် ယခင်ကစည်းစိမ်ခံစားခဲ့ရသည်ကို ပြန်လည်အောက်မေ့လေ၏။ သူ၏လူများ ရန်သူ့လက်သို့ကျရောက်ချိန်တွင် ကယ်မည့်သူမရှိ။ သူပြိုလဲသွားသည်ကိုကြည့်၍ ရန်သူတို့ ရယ်မောကြ၏။
အစာရေစာအလုံအလောက်ရရှိဖို့ရန် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့ထံ ခယတောင်းဆိုရပါပြီ။
အီဂျစ်ပြည်သည် အစ္စရေးအမျိုးအနွယ်တို့အတွက် အားကိုးစရာဖြစ်တော့မည်မဟုတ်။ သူတို့သည် အီဂျစ်ပြည်ကို အားကိုးမိခြင်းအတွက် မိမိတို့မှားကြောင်းကို သိရကြလိမ့်မည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။