အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။
မြည်တမ်းစကား 3:51 - မြန်မာ့စံမီသမ္မာကျမ်း မြို့သမီးပျိုအပေါင်းတို့၏အဖြစ်ကို မြင်ရသောကြောင့် ငါ့စိတ်နှလုံးကြေကွဲရပြီ။ Common Language Bible မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။ Judson Bible ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါ့မျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။ |
အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကို ဒဏ်ခတ်မည်။ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတို့၏သားသမီးတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြလိမ့်မည်။
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။
ကွင်းပြင်သို့ထွက်သွားသော် ဓားဖြင့်အသတ်ခံရသောသူတို့ကို တွေ့ရ၏။ မြို့ထဲသို့ဝင်သော် ငတ်မွတ်ခေါင်းပါးခြင်းဝေဒနာခံစားနေရသောသူတို့ကို တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် သူတို့မသိသောပြည်သို့ သွားကြပြီ’ဟူသောစကားကို ပြောကြားရမည်”ဟု မိန့်တော်မူ၏။
သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါမူကား ထာဝရဘုရား၏အမိန့်တော်ကို ဖီဆန်လေပြီ။ လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ ငါခံရသောဒုက္ခဝေဒနာကို ကြည့်ရှုကြလော့။ ငါ၏အပျို၊ လူပျိုတို့သည် သုံ့ပန်းအဖြစ် လိုက်ပါသွားရလေပြီ။
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
လူကြီးလူငယ်တို့သည် လမ်းမပေါ် ဖုန်တောထဲ၌ လဲနေလေပြီ။ အပျိုလူပျိုတို့သည်လည်း ဓားဖြင့် လဲကျသေဆုံးကြလေပြီ။ အမျက်ထွက်တော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကွပ်မျက်တော်မူပြီ၊ မညှာမတာသတ်ဖြတ်တော်မူပြီ။
သူတို့သည် ဇိအုန်မြို့သူများ၊ ယုဒမြို့ရွာတို့မှ အပျိုကညာတို့ကို အဓမ္မပြုကြပါပြီ။