အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မြည်​တမ်း​စ​ကား 3:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် ငါ​၏​အသား​အရေ​ကို ရွတ်တွ​စေ​တော်မူ​ပြီ​။ ငါ​၏​အရိုး​တို့​ကို ချိုး​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​ငါ​၏​အ​သား​ကို​ကွဲ​ပြဲ​စေ​ကာ အ​ရိုး​တို့​ကို​ချိုး​၍​ထား​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ သား အ ရေ ကို ဆွေး မြေ့ ခြင်း၊ အ ရိုး များ ကို ချိုး ဖဲ့ ခြင်း ပြု လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

ငါ့​အ​ရေ​နှင့် အ​သား​ကို ဆွေး​ရိ​စေ၍ ငါ့​အ​ရိုး​တို့​ကို​လည်း ချိုး​တော်​မူ၏။

အခန်းကိုကြည့်ပါ။



မြည်​တမ်း​စ​ကား 3:4
10 ပူးပေါင်းရင်းမြစ်များ  

ငါ့​အရေပြား​များ ညိုမဲ​သွား​ပြီး ကွာကျ​ကုန်​ပါ​ပြီ​။ ငါ့​ကိုယ်ခန္ဓာ​သည်​လည်း အဖျား​ကြောင့် ပူခြစ်​လျက်​ရှိ​ပါ​၏​။


အကျွန်ုပ်​သည် ရေ​ကဲ့သို့​သွန်ချ​ခြင်း​ခံရ​၍ အကျွန်ုပ်​၏​အရိုးအဆစ်​ရှိသမျှ​တို့​သည် ပြုတ်​ကုန်​ပါ​၏​။ အကျွန်ုပ်​၏​နှလုံး​သည် ဖယောင်း​ကဲ့သို့​ဖြစ်၍ အကျွန်ုပ်​ရင်​ထဲ​၌ အရည်ပျော်​သွား​ပါ​၏​။


အကျွန်ုပ်​သည် တိတ်ဆိတ်​စွာ​နေ​သောအခါ တစ်နေ့လုံး​ညည်းတွား​ရ​၍ အကျွန်ုပ်​၏​အရိုး​တို့​သည် ဆွေးမြည့်​ကြ​ပါ​၏​။


အကျွန်ုပ်​အား ရွှင်မြူး​ခြင်း​နှင့်​ဝမ်းမြောက်​ခြင်း​ကို ကြား​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကြေမွ​စေ​သော​အရိုး​တို့​ကို​လည်း ရွှင်လန်း​စေ​တော်မူ​ပါ​။


ငါ့​အရိုး​ရှိသမျှ​တို့​ကို ခြင်္သေ့​ကဲ့သို့​ချိုး​တော်မူ​သည်​ဖြစ်၍ နံနက်​တိုင်အောင် ငါ​အော်ဟစ်​ရ​ပြီ​။ ကိုယ်တော်​သည် နေ့ချင်းညချင်း ငါ့​ကို​အဆုံးသတ်​တော်မူ​ပြီ​။


အစ္စရေး​လူမျိုး​သည် ခြင်္သေ့​တို့​အလိုက်​ခံရ​၍ တကွဲတပြား​ဖြစ်​နေ​သော​သိုး​ကဲ့သို့​ဖြစ်​၏​။ ဦးစွာ အဆီးရီးယား​ဘုရင်​သည် ကိုက်စား​၏​။ နောက်ဆုံး​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အရိုး​တို့​ကို ဝါးမျို​လေ​၏​။