သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
မြည်တမ်းစကား 3:2 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ငါ့ကိုနှင်ထုတ်တော်မူပြီ။ အလင်းမရှိသော မှောင်မိုက်၌ သွားလာစေတော်မူပြီ။ Common Language Bible ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊ Garrad Bible ပို့ တော် မူ သည့် အ တိုင်း အ လင်း ၌ မ ဟုတ်၊ မှောင်၌ သွား လာ ရ ၏။ Judson Bible ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက်ထဲသို့ ပို့ဆောင်တော်မူ၏။ |
သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။
အကောင်းကို စောင့်မျှော်သောအခါ အဆိုးများသာ ရောက်လာ၏။ အလင်းကို မျှော်လင့်သောအခါ အမှောင်သာ ရောက်လာ၏။
ထို့ကြောင့် တရားမျှတမှုသည် ငါတို့နှင့်ဝေး၏။ ဖြောင့်မတ်ခြင်းသည် ငါတို့ကိုမမီ။ ငါတို့သည် အလင်းကိုစောင့်မျှော်သော်လည်း အမှောင်သာတွေ့၏။ တောက်ပသောအလင်းကိုစောင့်မျှော်သော်လည်း မှောင်မိုက်ထဲ၌သာ လျှောက်ရ၏။
ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။
ငါသည် မြေကြီးကိုကြည့်လိုက်သော် ၎င်းသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ မိုးကောင်းကင်သည်လည်း အလင်းမရှိ။
ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။
မျက်မမြင်သည် စမ်းတဝါးဝါးလိုက်စမ်းရသကဲ့သို့ သင်သည်လည်း မွန်းတည့်အချိန်၌ပင် စမ်းတဝါးဝါးလိုက်စမ်းရမည်။ သင့်ဘဝလမ်းခရီး၌ အောင်မြင်လိမ့်မည်မဟုတ်။ နှိပ်စက်ခြင်း၊ လုယူခြင်းကိုသာ တစ်ချိန်လုံးခံနေရမည်။ သင့်ကို ကယ်တင်မည့်သူမရှိ။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။