ယခုမှာ ငါ့စိတ်ဝိညာဉ် မြေခလုပြီ။ ဒုက္ခနေ့ရက်များသည်လည်း ငါ့ကို ဆုပ်ကိုင်ထားလေပြီ။
မြည်တမ်းစကား 2:12 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဒဏ်ရာရသောသူတို့ကဲ့သို့ မြို့လမ်းများပေါ်၌လဲကျလျက်၊ အမိရင်ခွင်၌ အသက်ယဲ့ယဲ့လေးသာကျန်ရှိလျက် “မုန့်နှင့်စပျစ်ဝိုင် အဘယ်မှာရှိသနည်း”ဟု မိခင်အား မေးကြလေပြီ။ Common Language Bible သူတို့သည်ရေငတ်ဆာလောင်သဖြင့်မိခင် များထံတွင် ငိုကြွေးလျက်နေကြ၏။ ဒဏ်ရာရသူများကဲ့သို့သူတို့သည် လမ်းများပေါ်တွင်လဲကျကာ မိခင်များ၏ရင်ခွင်၌တဖြည်းဖြည်း သေဆုံးသွားရကြလေသည်။ Garrad Bible မြို့ လမ်း များ တွင်၊ လုပ် ကြံ ခံ ရ သူ တို့ ကဲ့ သို့ မြော နေ ကြ သူ၊ မိ ခင် တို့ ရင် ခွင်၌ သေ အံ့ ဆဲ ထို သူ ငယ် တို့ က၊ အ စား အ သောက် မ ရှိ ပါ လော ဟု မေး ရှာ ကြ လေ စွ။ Judson Bible သူတို့ကလည်း၊ ဆန်စပါးနှင့် စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသောသူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အမိကို မေးတတ်ကြသည်တကား။ |
ယခုမှာ ငါ့စိတ်ဝိညာဉ် မြေခလုပြီ။ ဒုက္ခနေ့ရက်များသည်လည်း ငါ့ကို ဆုပ်ကိုင်ထားလေပြီ။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
အို လူများတို့၊ ကိုယ်တော်ကို အစဉ်အမြဲယုံကြည်ကိုးစားကြလော့။ သင်တို့၏စိတ်နှလုံးကို ကိုယ်တော်၏ရှေ့တော်၌ ဖွင့်ဟကြလော့။ ဘုရားသခင်သည် ငါတို့၏ခိုလှုံရာဖြစ်တော်မူ၏။(စေလာ)
သင်၏သားတို့သည် အားနည်းမောပန်းနေကြပြီ။ လမ်းရှိသမျှ၌ ကျော့ကွင်းမိသောတောဆိတ်ကဲ့သို့ လဲလျောင်းနေကြပြီ။ သူတို့သည် ထာဝရဘုရား၏အမျက်တော်၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ပြည့်လေပြီ။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
ထိုလူမျိုးသည် သင်၏အသီးအနှံ၊ အစားအစာတို့ကို ဝါးမျိုလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏စပျစ်ပင်၊ သင်္ဘောသဖန်းပင်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်ကိုးစားသောသင်၏ခံတပ်မြို့များကိုပါမချန် ဓားလက်နက်ဖြင့်ဖျက်ဆီးလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
နို့စို့ကလေးငယ်သည် နို့ဆာသောကြောင့် သူ၏လျှာသည် အာခေါင်၌ ကပ်နေ၏။ ကလေးသူငယ်တို့သည် မုန့်ကိုတောင်းသော်လည်း ပေးမည့်သူတစ်ယောက်မျှမရှိ။
ဘေဘီလုံဘုရင်၏လက်ရုံးကို ခိုင်ခံ့စေ၍ ငါ့ဓားကို သူ့လက်သို့အပ်မည်။ သို့သော် ဖာရောမင်းကြီး၏လက်ရုံးကို ငါချိုးသဖြင့် သူသည် ဘေဘီလုံဘုရင်ရှေ့တွင် သေလုမြောပါးဒဏ်ရာရသူညည်းတွားသကဲ့သို့ ညည်းတွားရလိမ့်မည်။