ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
မြည်တမ်းစကား 1:10 - မြန်မာ့စံမီသမ္မာကျမ်း ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။ Common Language Bible ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။ Garrad Bible သင် တို့ အ စည်း အ ဝေး၌ မ ပါ မ ဝင် ရ ဟု ကိုယ် တော် မိန့် မှာ တော် မူ ခဲ့ ရာ လူ မျိုး ခြား တို့ သည်၊ ကိုယ့် သန့် ရှင်း ရာ ဌာ န ထဲ သို့ ဝင် ခဲ့ ကြ ကြောင်း၊ မြို့ တော် မြင် ရ သည့် အ လျောက်၊ ရ တ နာ တော် အ မျိုး မျိုး ကို၊ ရန် ဘက် တို့ လက် ဝါး ကြီး အုပ် လေ ပြီ။ Judson Bible ရန်သူသည် သူ၏စည်းစိမ်ကို လုယူပါပြီ။ ပရိသတ်တော်ထဲသို့ မဝင်ရဟု မြစ်တားတော်မူသော သာသနာပလူတို့သည် သူ၏ သန့်ရှင်းရာဌာနတောင်ထဲသို့ဝင်ကြောင်းကို သူမြင်ရပါ၏။ |
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
ထိုနေ့၌ မောရှေ၏ပညတ္တိကျမ်းကိုလူတို့ ကြားသိအောင် ဖတ်ပြရာတွင် “အမ္မုန်လူမျိုးနှင့် မောဘလူမျိုးတို့သည် ဘုရားသခင်၏လူမျိုးတော်စာရင်းတွင် ဘယ်သောအခါမျှဝင်ခွင့်မရှိစေရ”ဟု ရေးသားထားသည်ကို တွေ့ရှိရ၏။
ကိုယ်တော်၏သန့်ရှင်းသောလူမျိုးတော်တို့ ခဏသာပိုင်ဆိုင်ရပြီး ရန်သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို နင်းချေကြပြီ။
သင့်ပြည်တစ်လျှောက်လုံးတွင် သင်ပြုသောအပြစ်ကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာတို့ကို လုယူဖျက်ဆီးရာအဖြစ် အဖိုးအခမဲ့ ငါပေးလိုက်မည်။
ငါသည် ဤမြို့၏စည်းစိမ်ဥစ္စာ၊ ချွေးနှဲစာ၊ အဖိုးတန်ရတနာရှိသမျှတို့ကိုလည်းကောင်း၊ ယုဒဘုရင်တို့၏ဥစ္စာဘဏ္ဍာရှိသမျှတို့ကိုလည်းကောင်း ရန်သူ့လက်သို့ အပ်မည်။ ရန်သူတို့သည် သူတို့ကို လုယူတိုက်ခိုက်၍ ဘေဘီလုံမြို့သို့ ယူဆောင်သွားလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဤမြို့၌ကျန်ရစ်သော တိုင်များ၊ ရေကန်၊ တွန်းလှည်းများ၊ အခြားအသုံးဆောင်ပစ္စည်းများနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူ၏။
ထိုသို့ ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်နှင့် ဂျေရုဆလင်မြို့တွင် ကျန်ရစ်သောအသုံးအဆောင်ပစ္စည်းများနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက
ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။
ကဲ့ရဲ့ပြစ်တင်သံကို ကြားရသည်ဖြစ်၍ ငါတို့အရှက်ကွဲရပြီ။ ထာဝရဘုရား၏အိမ်တော်၊ သန့်ရှင်းရာဌာနတော်ထဲသို့ တစ်ပါးအမျိုးသားများ ဝင်ရောက်ကြပြီဖြစ်၍ ငါတို့အသရေပျက်ရပြီ။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
ဂျေရုဆလင်မြို့သည် အနှိပ်စက်ခံရချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်တွင် ယခင်ကစည်းစိမ်ခံစားခဲ့ရသည်ကို ပြန်လည်အောက်မေ့လေ၏။ သူ၏လူများ ရန်သူ့လက်သို့ကျရောက်ချိန်တွင် ကယ်မည့်သူမရှိ။ သူပြိုလဲသွားသည်ကိုကြည့်၍ ရန်သူတို့ ရယ်မောကြ၏။
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
သူတို့ကို ငါမျက်နှာလွှဲထားသဖြင့် သူတို့သည် ငါမြတ်နိုးသောနေရာကို ညစ်ညူးစေကြမည်။ ဓားပြတို့သည်လည်း ထိုနေရာသို့ဝင်ရောက်၍ ညစ်ညူးစေကြမည်။
“သွား၍ အိမ်တော်ကို ညစ်ညူးအောင်လုပ်ကြ။ ဝင်းတော်ကို အသေကောင်များဖြင့် ပြည့်စေကြ”ဟု မိန့်တော်မူသဖြင့် သူတို့လည်း မြို့ထဲသို့သွား၍ လူတို့ကို သတ်ပစ်ကြလေ၏။
ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာသည် မရပ်သင့်သောနေရာ၌ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ထွက်ပြေးကြစေ။
အမ္မုန်လူမျိုး၊ မောဘလူမျိုးတို့သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူတို့၏မျိုးဆက် ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
အကြောင်းမူကား အီဂျစ်ပြည်မှသင်တို့ထွက်လာသောအခါ လမ်းခရီး၌ သူတို့သည် သင်တို့အား အစားအစာကိုလည်းမပေး၊ ရေကိုလည်းမပေးကြ။ ထို့ပြင် မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့မှ ဗောရသားဗာလမ်ကိုငှား၍ သင်တို့ကိုကျိန်ဆဲစေသောကြောင့်ဖြစ်၏။