စစ်ကြောစီရင်ရာနေ့၊ ဝေးသောအရပ်မှဖျက်ဆီးခြင်းဘေး ရောက်လာသောနေ့၌ သင်တို့မည်သို့ပြုကြမည်နည်း။ မည်သူ့ထံပြေး၍ အကူအညီတောင်းကြမည်နည်း။ သင်တို့၏စည်းစိမ်ဥစ္စာများကို မည်သည့်နေရာ၌ထားခဲ့ကြမည်နည်း။
မိက္ခာ 7:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့တွင် သူတော်ကောင်းသည် ဆူးပင်နှင့်တူ၏။ ရိုးသားဖြောင့်မတ်သောသူသည် ဆူးချုံပုတ်ထက်ဆိုး၏။ သင့်ကင်းစောင့်များသတိပေးသောနေ့၊ သင်စစ်ကြောစီရင်ခြင်းခံရသောနေ့ ရောက်လာပြီ။ ယခု သူတို့ထိတ်လန့်ချောက်ချားရလေပြီ။ Common Language Bible အတော်ဖြောင့်ဆုံးဟုဆိုရသောသူများ ပင်လျှင် ပေါင်းပင်ကဲ့သို့အသုံးမကျချေ။ ဘုရားသခင်သည်သူတို့၏ကင်းစောင့် သဖွယ်ဖြစ်သော ပရောဖက်များမှတစ်ဆင့် သတိပေးသည့်အတိုင်း လူများကိုဒဏ်ခတ် မည့်အချိန်ရောက်လာပြီ။ သူတို့သည်ယခု အခါကယောင်ချောက်ချားဖြစ်လျက်ရှိ ကြ၏။- Garrad Bible ကောင်း မြတ် သူ တို့ သည် ဆူး တပ်၊ ဖြောင့် မှန် သူ တို့ သည် ဇီး တပ် မျှ သာ ဖြစ် ကြ သည် တ ကား။ သင့် မြို့ စောင့် တို့ သ တိ ပေး ရာ ဒဏ် စီ ရင် ခြင်း နေ့ ရက်၊ ရှုတ် ထွေး ရာ ကာ လ သည်။ ယ ခု ပင် ရောက် လေ ပြီ။ Judson Bible အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ်၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက်ခက်လှ၏။ သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ်ကြောခြင်းကို ခံရသော နေ့ရက်သည် ရောက်လာပြီ။ နှိပ်စက်နှောင့်ယှက်ရာကာလ ဖြစ်၏။ |
စစ်ကြောစီရင်ရာနေ့၊ ဝေးသောအရပ်မှဖျက်ဆီးခြင်းဘေး ရောက်လာသောနေ့၌ သင်တို့မည်သို့ပြုကြမည်နည်း။ မည်သူ့ထံပြေး၍ အကူအညီတောင်းကြမည်နည်း။ သင်တို့၏စည်းစိမ်ဥစ္စာများကို မည်သည့်နေရာ၌ထားခဲ့ကြမည်နည်း။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့၌ စိတ်အာရုံချိုင့်ဝှမ်းတွင် ထိတ်လန့်ချောက်ချားခြင်းရှိမည်၊ နိုင်ထက်စီးနင်းခံရမည်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည်။ မြို့ရိုးပြိုပျက်၍ တောင်များဆီသို့ အော်ဟစ်သံများ ရောက်သွားလိမ့်မည်။
ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအရာတို့သည် အချည်းနှီးသောအရာဖြစ်၏။ လှည့်စားတတ်သောအရာဖြစ်၏။ စစ်ကြောစီရင်ချိန်ရောက်လျှင် ပျက်စီးသွားရလိမ့်မည်။
ကြွင်းကျန်သောသူ မရှိရ။ စစ်ကြောစီရင်ချိန်ရောက်လျှင် အာနသုတ်မြို့သားတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်၏ကြေးစားစစ်သည်တို့သည် ဆူဖြိုးသောနွားထီးပျိုကဲ့သို့ ဖြစ်သော်လည်း ဘေးဒုက္ခရောက်သောအချိန်၊ အပြစ်ဒဏ်ပေးခံရသောအချိန်၌ ခံနိုင်ရည်မရှိ။ အတူတကွနောက်လှည့်ပြေးကြလေပြီ။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အချင်းလူသား၊ သင့်ကို ဆူးပင်များ၊ ဆူးချုံများ ဝိုင်းရံနေပါစေ၊ ကင်းမြီးကောက်တို့နှင့်နေရပါစေ၊ သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်သောကြောင့် သူတို့စကားကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်။
အစ္စရေးလူမျိုးတို့ကို စူးသောဆူး၊ နာကျင်စေသောဆူးနှင့်တူသောဝန်းကျင်မှ မကောင်းပြောသူများ ရှိတော့မည်မဟုတ်။ နောက်မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ကိုယ်တော်က “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “နွေရာသီသီးနှံထည့်ထားသောတောင်းကို မြင်ပါ၏”ဟု လျှောက်ရာ ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့၏နိဂုံးသည် ရောက်လာလေပြီ။ သူတို့ကို ငါအလွတ်ပေးတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
ထို့နောက် နေ၊ လ၊ ကြယ်တာရာများ၌ အတိတ်နိမိတ်များဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ပင်လယ်လှိုင်းတံပိုးသံကြောင့် စိတ်မငြိမ်မသက်ဖြစ်လျက် တုန်လှုပ်ချောက်ချားကြလိမ့်မည်။
သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။