ကြွေးကြော်သံတစ်ခုမှာ “တောကန္တာရ၌ ထာဝရဘုရားကြွတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့။ သဲကန္တာရ၌ ငါတို့၏ဘုရားသခင်ကြွတော်မူမည့် လမ်းမကြီးကို ဖြောင့်တန်းစေကြလော့။
မာလခိ 4:5 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ ပရောဖက်ဧလိယကို သင်တို့ထံသို့ ငါစေလွှတ်မည်။ Common Language Bible ``သို့ရာတွင်ယင်းသို့ကြောက်မက်ဖွယ်ရာ နေ့ကြီး မကျမရောက်မီငါသည်ပရော ဖက်ဧလိယကိုသင်တို့ထံသို့စေလွှတ် မည်။- Garrad Bible ငါ ထာ ဝ ရ ဘု ရား၏ ကြောက် မက် ဖွယ် နေ့ တော် ကြီး မ တိုင် မီ၊ ပ ရော ဖက် ဧ လိ ယ ကို သင် တို့ ထံ ငါ စေ လွှတ် မည့် အ လျောက်၊ Judson Bible ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။ |
ကြွေးကြော်သံတစ်ခုမှာ “တောကန္တာရ၌ ထာဝရဘုရားကြွတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့။ သဲကန္တာရ၌ ငါတို့၏ဘုရားသခင်ကြွတော်မူမည့် လမ်းမကြီးကို ဖြောင့်တန်းစေကြလော့။
ကြောက်မက်ဖွယ်ကောင်းသော ထာဝရဘုရား၏နေ့ရက်ကြီးမရောက်မီ နေသည် မှောင်မိုက်၍ လသည် သွေးဖြစ်လိမ့်မည်။
ထာဝရဘုရား၏နေ့ရက်တော်ကြီး ရောက်လုနီးပြီ၊ ရောက်လုနီးပြီ။ အလျင်အမြန်ရောက်လာတော့မည်။ ထာဝရဘုရား၏နေ့ရက်တော်တွင် အော်ဟစ်သံသည် ခါးသီး၏။ စစ်သူရဲတို့ပင် ကျယ်လောင်စွာအော်ဟစ်ကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အဖတို့၏စိတ်နှလုံးတို့ကို သားသမီးတို့ထံသို့လည်းကောင်း၊ နာခံခြင်းမရှိသောသူတို့ကို ဖြောင့်မတ်သောသူတို့၏အသိပညာထဲသို့လည်းကောင်း ပြန်လှည့်လာစေရန်နှင့် ပြင်ဆင်ထားသောလူမျိုးတော်ကို ထာဝရဘုရားအတွက်အသင့်ဖြစ်စေရန် ဧလိယ၏ဝိညာဉ်နှင့်တန်ခိုးတို့ဖြင့် ကိုယ်တော်၏ရှေ့တော်မှ ဦးစွာသွားနှင့်မည်”ဟု မြွက်ဆိုလေ၏။
ထိုအချိန်တွင် လူနှစ်ဦးတို့သည် ကိုယ်တော်နှင့်စကားပြောနေကြ၏။ ထိုသူတို့မှာ မောရှေနှင့်ဧလိယတို့ဖြစ်ကြ၏။
ထိုအခါ သူတို့က “သို့ဖြစ်လျှင် သင်သည်မည်သူနည်း။ ဧလိယလော”ဟု မေးကြသော် ယောဟန်က “ငါသည် ဧလိယမဟုတ်”ဟု ဆို၏။ “ထိုပရောဖက်လော”ဟု မေးကြပြန်သော် “မဟုတ်”ဟု ဆိုပြန်၏။
တစ်ဖန် သူတို့က “သင်သည် ခရစ်တော်မဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့်ဗတ္တိဇံပေးသနည်း”ဟု မေးမြန်းကြ၏။
အကြောင်းမူကား အမျက်တော်ထင်ရှားရာနေ့ရက်ကြီးကျရောက်လာပြီဖြစ်၍ မည်သူသည် ခံရပ်နိုင်မည်နည်း”ဟု ပြောဆိုကြ၏။