ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။
ဗျာဒိတ် 6:7 - မြန်မာ့စံမီသမ္မာကျမ်း သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့”ဟု ဆိုသည့်အသံကို ငါကြားရ၏။ Common Language Bible သိုးသူငယ်တော်သည်စတုတ္ထချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ စတုတ္ထသတ္တဝါ၏အသံကို ငါကြားရ၏။ ထိုသတ္တဝါက``လာလော့'' ဟု ဆို၏။- Garrad Bible စ တု တ္ထ တံ ဆိပ် ကို ဖွင့် တော် မူ သည့် ကာ လ လာ ခဲ့ လော့ ဟု စ တု တ္ထ သ တ္တ ဝါ ဆို သည် ကို ငါ ကြား သည့် အ တိုင်း ကြည့် ပြန် ရာ မြင်း မွဲ တစ် စီး ကိုလည်း ကောင်း၊ Judson Bible စတုတ္ထတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္ထသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။ |
ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။
ပထမသတ္တဝါသည် ခြင်္သေ့နှင့်တူ၍ ဒုတိယသတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါကား လူနှင့်တူသောမျက်နှာရှိ၍ စတုတ္ထသတ္တဝါသည် ပျံသန်းနေသောလင်းယုန်နှင့်တူ၏။
ထို့နောက် သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုထဲမှ တစ်ခုကိုဖွင့်သောအခါ ငါကြည့်လျှင် သတ္တဝါလေးပါးတို့ထဲမှတစ်ပါးက မိုးချုန်းသံကဲ့သို့သောအသံဖြင့် “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။
သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကိုဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။
သိုးသငယ်တော်သည် တတိယတံဆိပ်ကိုဖွင့်သောအခါ တတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် မိမိလက်၌ ချိန်ခွင်ကို ကိုင်ထား၏။