ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။ ကိုယ်တော်သည် ထိုအရာတို့ကို အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။
ဗျာဒိတ် 6:14 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်သည်လည်း စာလိပ်ကိုလိပ်လိုက်သကဲ့သို့ ပျောက်လွင့်သွား၍ တောင်နှင့်ကျွန်းရှိသမျှတို့သည် မိမိတို့နေရာမှရွေ့သွားကြ၏။ Common Language Bible မိုးကောင်းကင်သည်စာစောင်ကိုလိပ်သကဲ့သို့ ပျောက်ကွယ်သွား၏။ တောင်များနှင့်ကျွန်းရှိ သမျှသည်မိမိတို့နေရာမှရွေ့သွားကြကုန်၏။- Garrad Bible မိုး ကောင်း ကင် သည် စာ လိပ် ကဲ့ သို့ လိပ် လျက် တောင် ကျွန်း ရှိ သ မျှ လည်း နေ ရာ မှ ရွေ့ သွား လေ၏။ Judson Bible မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုးကောင်းကင်သည် စာလိပ်ကို လိပ်သကဲ့သို့ ပျောက်ကွယ်သွား၍ ရှိသမျှတောင်နှင့်ကျွန်းတို့သည် မိမိတို့နေရာမှ ရွေ့သွားကြ၏။ |
ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။ ကိုယ်တော်သည် ထိုအရာတို့ကို အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။
ကောင်းကင်တန်ဆာတို့သည် ပျက်စီးပျောက်ကွယ်သွား၍ ကောင်းကင်သည် စာလိပ်ကဲ့သို့လိပ်သွားမည်။ ကောင်းကင်တန်ဆာတို့သည် စပျစ်ပင်မှ အရွက်ကြွေကျသကဲ့သို့၊ သဖန်းပင်မှ အရွက်ကြွေကျသကဲ့သို့ ကြွေကျကြလိမ့်မည်။
တောင်ကြီးတို့သည်ရွေ့သွား၍ တောင်ငယ်တို့သည် တုန်လှုပ်ကြလျှင်လည်း ငါ၏မေတ္တာကရုဏာသည် သင့်ထံမှမရွေ့ရ။ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ငါ၏ပဋိညာဉ်သည်လည်း မရွေ့ရ”ဟု မိန့်တော်မူ၏။
အကယ်စင်စစ် တောင်ကြီး၊ တောင်ငယ်များပေါ်မှ ဆူညံသောအသံသည် လှည့်ဖြားခြင်းသာဖြစ်၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။
ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ပင်လယ်ငါးများ၊ မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များ၊ မြေပေါ်မှာတွားသွားသောသတ္တဝါများအပါအဝင် ကမ္ဘာမြေပေါ်ရှိလူသားအားလုံးတို့သည် ငါ့မျက်မှောက်တွင် တုန်လှုပ်ကြလိမ့်မည်။ တောင်များလည်း ပြိုကျလိမ့်မည်။ ချောက်ကမ်းပါးများလည်း လဲပြိုကျလိမ့်မည်။ မြို့ရိုးလည်း မြေတိုင်အောင် လဲပြိုကျလိမ့်မည်’ဟု မိန့်တော်မူ၏။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
ထို့နောက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ပျောက်ကွယ်သွား၍ ပင်လယ်သည်လည်းမရှိတော့ချေ။