အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။
ဗျာဒိတ် 21:20 - မြန်မာ့စံမီသမ္မာကျမ်း ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ သလင်းဝါ၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်းဖြစ်၏။ Common Language Bible ပဉ္စမအုတ်မြစ်မှာကြောင်၊ ဆဋ္ဌမအုတ်မြစ်မှာပတ္တမြား၊ သတ္တမအုတ်မြစ်မှာဂေါဒန်ကျောက်၊ အဋ္ဌမအုတ်မြစ် မှာမျက်ရွဲ၊ နဝမအုတ်မြစ်မှာဥဿဖရား၊ ဒသမ အုတ်မြစ်မှာမဟူရာစိမ်း၊ ဧကဒသမအုတ်မြစ် မှာစိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်မှာဂေါ် မုတ်ဖြစ်သတည်း။- Garrad Bible ပ ဥ္စ မ ကြောင်၊ ဆ ဋ္ဌ မ ပ တ္တ မြား၊ သ တ္တ မ မ ဟူ ရာ၊ အ ဋ္ဌ မ မျက် ရွဲ၊ န ဝ မ ဥဿ ဘ ယား၊ ဒ သ မ မ ဟူ ရာ စိမ်း၊ ဧ ကာ ဒ သ မ နီ လာ၊ ဒွါ ဒ သ မ ဂေါ် မုတ် ဖြစ်၏။ Judson Bible ပဥ္စမအမြစ်ကား ကြောင်၊ ဆဋ္ဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဋ္ဌမ အမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝှါကိန္သု၊ ဒွါဒသမအမြစ်ကား ဂေါ်မိတ်ဖြစ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပဉ္စမအုတ်မြစ်မှာ ကြောင်၊ ဆဋ္ဌမအုတ်မြစ်မှာ ပတ္တမြား၊ သတ္တမအုတ်မြစ်မှာ သလင်းဝါ၊ အဋ္ဌမအုတ်မြစ်မှာ မျက်ရွဲ၊ နဝမအုတ်မြစ်မှာ ဥဿဖရား၊ ဒသမအုတ်မြစ်မှာ မဟူရာစိမ်း၊ ဧကဒသမအုတ်မြစ်မှာ နီလာရင့်ရောင်ကျောက်နှင့် ဒွာဒသမအုတ်မြစ်မှာ နီလာခရမ်းဖြစ်၏။ |
အီသီယိုးပီးယားပြည်ထွက် ဥဿဖရားလည်း ယှဉ်၍မရနိုင်။ ရွှေစင်ဖြင့်လည်း တန်ဖိုးဖြတ်၍ မရနိုင်။
ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဘေးတွင် ဘီးလေးဘီးရှိ၏။ ခေရုဗိမ်တစ်ပါးစီ၏ဘေးတွင် ဘီးတစ်ဘီးစီရှိပြီး ဘီးများသည် ကျောက်မျက်ရွဲအရောင်ကဲ့သို့ တောက်ပနေ၏။
တစ်ဖန် မွန်းတည့်ချိန်နှင့် မွန်းလွဲသုံးနာရီအချိန်ခန့်တို့တွင်လည်း ထွက်၍ ထိုနည်းတူပြုလေ၏။
ထိုင်နေတော်မူသောထိုအရှင်သည် နဂါးသွဲ့နှင့်ပတ္တမြားကျောက်ကဲ့သို့သောအဆင်းအရောင်ရှိ၍ ပလ္လင်တော်ပတ်လည်တွင် မြကဲ့သို့သောအဆင်းအရောင်ရှိသည့် သက်တံရှိ၏။