ဇိအုန်တောင်၌ကြွင်းကျန်သောသူ၊ ဂျေရုဆလင်မြို့၌ကျန်ရစ်သောသူ စသည့် ဂျေရုဆလင်မြို့တွင်အသက်ရှင်သောသူတို့စာရင်း၌ ရေးမှတ်ထားသောသူအားလုံးသည် သန့်ရှင်းသူဟု ခေါ်ဝေါ်ခြင်းခံကြရလိမ့်မည်။
ဗျာဒိတ် 20:6 - မြန်မာ့စံမီသမ္မာကျမ်း ပထမရှင်ပြန်ထမြောက်ခြင်း၌ပါသောသူသည် မင်္ဂလာရှိသူ၊ သန့်ရှင်းသူဖြစ်၏။ ဒုတိယသေခြင်းသည် သူတို့အပေါ်မည်သည့်အခွင့်အာဏာမျှမရှိ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်စိုးစံကြလိမ့်မည်။ Common Language Bible ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။ Garrad Bible ပ ထ မ ရှင် ပြန် ထ မြောက် ခြင်း တွင် ပါ ဝင် သူ တို့ သည် သန့် ရှင်း၍ မင်္ဂ လာ ရှိ ကြ၏။ ထို သူ တို့ သည် ဒု တိ ယ သေ ခြင်း အာ ဏာ နှင့် ကင်း လျက် ဘု ရား သ ခင် နှင့် ခ ရစ် တော်၏ ပ ရော ဟိတ် များ အ ဖြစ် ကိုယ် တော် နှင့် အ တူ ထို နှစ် ပေါင်း တစ် ထောင် ပတ် လုံး စိုး စံ နှင့် ကြ လိမ့် မည်။ Judson Bible ပထမထမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပထမရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်သူများသည် မင်္ဂလာရှိပြီး သန့်ရှင်းကြ၏။ ဒုတိယသေခြင်းသည် သူတို့အပေါ် သြဇာအာဏာမရှိ။ သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်အုပ်စိုးရလိမ့်မည်။ |
ဇိအုန်တောင်၌ကြွင်းကျန်သောသူ၊ ဂျေရုဆလင်မြို့၌ကျန်ရစ်သောသူ စသည့် ဂျေရုဆလင်မြို့တွင်အသက်ရှင်သောသူတို့စာရင်း၌ ရေးမှတ်ထားသောသူအားလုံးသည် သန့်ရှင်းသူဟု ခေါ်ဝေါ်ခြင်းခံကြရလိမ့်မည်။
သင်တို့ကို ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ ဘုရားသခင်၏အမှုတော်ဆောင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့သည် လူမျိုးခြားတို့၏ဥစ္စာပစ္စည်းကို စံစားရလိမ့်မည်။ သူတို့၏ဂုဏ်သရေ၌ ဝါကြွားကြလိမ့်မည်။
ရက်ပေါင်းတစ်ထောင့်သုံးရာသုံးဆယ့်ငါးရက်အထိ စောင့်မျှော်၍ မီသောသူသည် မင်္ဂလာရှိ၏။
ကိုယ်တော်နှင့်အတူထိုင်နေသောသူတစ်ဦးသည် ထိုစကားတော်တို့ကိုကြားလျှင် “ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ပါဝင်ရသောသူသည် မင်္ဂလာရှိ၏”ဟု လျှောက်လေ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။
ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအပေါ် ဒုတိယသေခြင်းနှင့်ဆိုင်သောဘေးအန္တရာယ်သည် မည်သည့်အခါမျှ သင့်ရောက်လိမ့်မည်မဟုတ်။
ထို့နောက် သေခြင်းနှင့်မရဏာနိုင်ငံတို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။ ဤမီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ညသည် ရှိတော့မည်မဟုတ်။ ထာဝရအရှင်ဘုရားသခင်သည် သူတို့အပေါ်ထွန်းလင်းတော်မူသည်ဖြစ်၍ ဆီမီး၏အလင်းနှင့်နေ၏အလင်းတို့ မလိုအပ်တော့ပေ။ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံကြလိမ့်မည်။
“ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို လိုက်နာစောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏။”
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။
သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခုနှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မည်”ဟု ဆိုကြ၏။