အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 2:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား​ဝှက်​ထား​သော​မန္န​မုန့် ကို​ငါ​ပေး​မည်။ ကျောက်​စ​ရစ်​ဖြူ​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ဖြူ​ပေါ်​တွင်​အက္ခ​ရာ တင်​ထား​သည့်​နာ​မည်​သစ်​ကို​အ​ဘယ်​သူ မျှ​မ​သိ​နိုင်​ရာ။ ထို​ကျောက်​ကို​ခံ​ယူ​ရ​ရှိ သူ​သာ​လျှင်​သိ​ရှိ​နိုင်​ပေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ့ အား ဝှက် ထား သော မ န္န မုန့် ကို လည်း ကောင်း၊ ရ ရှိ သူ မှ တစ် ပါး မည် သူ မျှ မ သိ နိုင် သော အ မည် သစ် နှင့် အ က္ခ ရာ တင် ပြီး ကျောက် ဖြူ ကို လည်း ကောင်း ငါ သ နား မည် ဟု မိန့် တော် မူ ကြောင်း တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကား​ကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။ ငါ​သည် အောင်မြင်သော​သူ​အား ဝှက်ထားသော​မန္နမုန့်​ကို​ပေးမည်။ ဖြူသော​ကျောက်​တစ်လုံး​ကိုလည်း​ပေးမည်။ ထို​ကျောက်​ပေါ်တွင် နာမည်​အသစ်​ကို ရေးထွင်းထား​ပြီး ထို​ကျောက်​ကို လက်ခံသည့်​သူ​မှ​လွဲ​၍ မည်သူ​မျှ ထို​နာမည်​သစ်​ကို မသိရ။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 2:17
24 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့်​ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။ မိမိ​၏​ပဋိညာဉ်​တော်​ကို​လည်း သူ​တို့​အား သိ​စေ​တော်မူ​၏​။


သူ​တို့​သည် ကိုယ်တော့်​အိမ်​တော်​၏​ကြွယ်ဝခြင်း​ဖြင့် ကျေနပ်အားရ​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​သည် ကိုယ်တော်​၏ ကြည်နူးခြင်း​စမ်းရေ​ကို​လည်း သူ​တို့​အား​တိုက်​တော်မူ​၏​။


အာရုန်​အား “​အိုး​တစ်​လုံး​ကို​ယူ​လော့​။ ထို​အထဲ​၌ မန္နမုန့်​တစ်​ဩမဲ​အပြည့်​ထည့်​ပြီးလျှင် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​အတွက် ထိန်းသိမ်း​ရန် ထာဝရဘုရား​ရှေ့​တော်​၌ ထား​လော့​”​ဟု ဆို​လေ​၏​။


စိတ်နှလုံး​သည် မိမိ​၏​နာကြည်း​ခြင်း​ကို မိမိ​သိ​၏​။ မိမိ​၏​ဝမ်းမြောက်​ခြင်း​ကို​လည်း အခြား​မည်သူ​က​မျှ ဝင်ရောက်​ခံစား​၍​မ​ရ​ပေ​။


အကြောင်းမူကား သွေဖည်​လွဲမှား​သော​သူ​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​နှင့်​ကား ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။


ထာဝရဘုရား​က “​ငါ​၏​ဥပုသ်နေ့​ကို​စောင့်ထိန်း​သော​၊ ငါ​နှစ်သက်​သော​အရာ​ကို​ရွေးချယ်​၍ ငါ​၏​ပဋိညာဉ်​ကို​စွဲကိုင်​ထား​သော မိန်းမစိုး​တို့​အား


သား​သမီး​တို့​ထက်​ပို၍​မြတ်​သော အမှတ်ရစရာ​နှင့်​နာမည်​ကို ငါ့​အိမ်​တော်​အတွင်း​၊ ငါ့​တံတိုင်း​တော်​အတွင်း​၌ ငါ​ပေး​မည်​။ ပယ်ဖျက်​၍​မ​ရ​သော​ထာဝရ​အမည်နာမ​ကို သူ​တို့​အား ငါ​ပေး​မည်​။


လူမျိုးတကာ​တို့​သည် သင်​၏​ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း​၊ ရှင်ဘုရင်​အပေါင်း​တို့​သည် သင်​၏​ဘုန်းအသရေ​ကို​လည်းကောင်း မြင်​ရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​နာမည်​သစ်​ဖြင့် သင့်​ကို​ခေါ်​ကြ​လိမ့်မည်​။


ထို့ကြောင့် အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အစေအပါး​တို့​စား​ရ​သော်လည်း သင်​တို့​ဆာလောင်မွတ်သိပ်​ကြ​လိမ့်မည်​။ ငါ့​အစေအပါး​တို့​သောက်​ရ​သော်လည်း သင်​တို့​ရေငတ်​ကြ​လိမ့်မည်​။ ငါ့​အစေအပါး​တို့​ဝမ်းမြောက်​ရ​သော်လည်း သင်​တို့​အရှက်ကွဲ​ကြ​လိမ့်မည်​။


သင်​တို့​၏​နာမည်​သည် ငါ​ရွေးချယ်​သော​သူ​တို့ ကျိန်ဆဲစရာ​အဖြစ် ကျန်ရစ်​မည်​။ အရှင်​ထာဝရဘုရား​သည် သင့်​ကို​ကွပ်မျက်​တော်မူ​မည်​။ မိမိ​၏​အစေအပါး​များ​ကို​ကား အခြား​နာမည်​ဖြင့် ခေါ်​တော်မူ​မည်​။


ကိုယ်တော်​က​လည်း“သင်​တို့​အား ကောင်းကင်​နိုင်ငံ​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်လည်း သူ​တို့​ကို​မူကား သိ​ခွင့်​မ​ပေး​ထား​သောကြောင့်​ဖြစ်​၏။


ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။


သို့သော် ကိုယ်တော်​က“ငါ​၌ သင်​တို့​မ​သိ​သော​စားစရာ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။


အကြောင်းမှာ သင်​တို့​သည် သေဆုံး​ခဲ့​ပြီ​ဖြစ်၍ သင်​တို့​၏​အသက်​သည် ခရစ်တော်​နှင့်အတူ ဘုရားသခင်​၌​ဝှက်​ထား​လျက်​ရှိ​၏။


သူ​တို့​သည် ပလ္လင်​တော်​ရှေ့​၌​လည်းကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ရှေ့​၌​လည်းကောင်း သီချင်း​သစ်​ကို​သီဆို​ကြ​၏။ ကမ္ဘာ​မြေကြီး​ပေါ်မှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​မှတစ်ပါး မည်သူ​က​မျှ ထို​သီချင်း​ကို​မ​သင်ယူ​နိုင်​ပေ။


သူ​၏​ဝတ်ရုံ​နှင့်​ပေါင်​တို့​၌ “ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်”​ဟု ရေး​ထား​သော​ဘွဲ့​နာမ​ရှိ​၏။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အပေါ် ဒုတိယ​သေ​ခြင်း​နှင့်ဆိုင်သော​ဘေးအန္တရာယ်​သည် မည်သည့်​အခါ​မျှ သင့်ရောက်​လိမ့်မည်​မ​ဟုတ်။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဘုရားသခင်​၏​ပရဒိသု​ဘုံ​၌​ရှိ​သော အသက်​ပင်​၏​အသီး​ကို ငါ​စား​ခွင့်​ပေး​မည်။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏​။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။