ငါသည် သင့်ကို အတောင်ဖြန့်မိုးသောခေရုဗိမ်တစ်ပါးအဖြစ် ဘိသိက်ပေးပြီး ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်၌ နေရာချထား၏။ သင်သည် မီးတောက်နေသောကျောက်တုံးများအလယ်တွင် သွားလာ၏။
ဗျာဒိတ် 18:16 - မြန်မာ့စံမီသမ္မာကျမ်း ‘ပိတ်ချော၊ ခရမ်းရောင်နှင့် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားသောမြို့ကြီး၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။ Common Language Bible ``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပိတ်ချော၊ မရမ်း စေ့ရောင်ပိုးထည်၊ အနီရောင်အဝတ်အထည်၊ ရွှေ တန်ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲ တန်ဆာများကိုဝတ်ဆင်ထားသောမြို့ကြီးသည်၊- Garrad Bible ပိတ် ချော ထည်၊ အ မောင်း ထည်၊ အ နီ ထည်၊ ရွှေ၊ ကျောက် မျက်၊ ပု လဲ များ ကို ဝတ် ခြုံ ဆင် ယင် သော မြို့ ကြီး သည် အ မင်္ဂ လာ၊ အ မင်္ဂ လာ ရှိ လေ စွ။ Judson Bible ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း “အလိုလေး… ဖြစ်ရလေချင်း။ ပိတ်ချောထည်၊ ခရမ်းရောင်အထည်၊ ဖဲနီထည်တို့ကို ဝတ်ဆင်လျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို ဆင်မြန်းသော မြို့ကြီး… |
ငါသည် သင့်ကို အတောင်ဖြန့်မိုးသောခေရုဗိမ်တစ်ပါးအဖြစ် ဘိသိက်ပေးပြီး ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်၌ နေရာချထား၏။ သင်သည် မီးတောက်နေသောကျောက်တုံးများအလယ်တွင် သွားလာ၏။
ငွေတို့ကို လုယူကြ။ ရွှေတို့ကို လုယက်ကြ။ အဖိုးမဖြတ်နိုင်သောရတနာပစ္စည်းတို့သည် အတိုင်းမသိ များလှ၏။
ငါ့ကို ဝိညာဉ်တော်အားဖြင့် တောကန္တာရထဲသို့ ခေါ်ဆောင်သွားလေ၏။ ထိုအခါ ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိ၍ ဘုရားသခင်ကိုစော်ကားသော အမည်နာမများဖြင့်ပြည့်နေသည့် နီမြန်းသောသားရဲပေါ်၌ ထိုင်နေသောမိန်းမတစ်ယောက်ကို ငါမြင်ရ၏။
ထိုမိန်းမသည် ခရမ်းရောင်နှင့် နီမြန်းသောအရောင်တို့ကို ဝတ်ဆင်ထားလျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ဖြင့် တန်ဆာဆင်ထားကာ သူ၏လက်၌ ရွံရှာဖွယ်ရာများနှင့် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်း၏ညစ်ညူးသောအရာများဖြင့်ပြည့်နေသော ရွှေခွက်ကို ကိုင်ထား၏။
သူ့ကိုလောင်ကျွမ်းနေသောမီးမှ မီးခိုးများကိုမြင်၍ ‘မည်သည့်မြို့သည် ဤကြီးမားသောမြို့နှင့်တူသနည်း’ဟု အော်ဟစ်ကြလိမ့်မည်။
သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။