ဗျာဒိတ် 17:3 - မြန်မာ့စံမီသမ္မာကျမ်း3 ငါ့ကို ဝိညာဉ်တော်အားဖြင့် တောကန္တာရထဲသို့ ခေါ်ဆောင်သွားလေ၏။ ထိုအခါ ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိ၍ ဘုရားသခင်ကိုစော်ကားသော အမည်နာမများဖြင့်ပြည့်နေသည့် နီမြန်းသောသားရဲပေါ်၌ ထိုင်နေသောမိန်းမတစ်ယောက်ကို ငါမြင်ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ထိုနောက်ကောင်းကင်တမန်သည်ဝိညာဉ်တော်အား ဖြင့် ငါ့အားတောကန္တာရသို့ဆောင်ယူသွား၏။ ထို အရပ်တွင်သားရဲနီပေါ်၌ထိုင်နေသောအမျိုး သမီးတစ်ယောက်ကိုငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ကိုယ်လုံးပေါ်တွင်ဘုရားသခင်၏ အသရေတော်ကိုရှုတ်ချသည့်အမည်နာမ များကို အနှံ့အပြားရေးသားထား၏။ သူ့ မှာဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ဝိ ညာဉ် တော် ဝင် စား သော ငါ့ ကို တော သို့ ခေါ် သွား ရာ ပုတ် ခတ် ခြင်း ဘွဲ့ ကိုယ် လုံး ပြည့် ပါ လျက် ဦး ခေါင်း ခု နစ် လုံး၊ ဦး ချို ဆယ် ချောင်း ရှိ သား ရဲ နီ အ ထက် စီး နေ သော မိန်း မ တစ် ယောက် ကို ငါ မြင် ရ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့်အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထို့နောက် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို တောကန္တာရသို့ ခေါ်ဆောင်သွား၏။ ထိုနေရာ၌ အနီရောင်သားရဲပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို မြင်ရ၏။ ထိုသားရဲတွင် ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး တစ်ကိုယ်လုံး၌လည်း ဘုရားသခင်အား စော်ကားသောအမည်များကို အပြည့်ရေးထား၏။ အခန်းကိုကြည့်ပါ။ |
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။
ထို့ပြင် ထိုသားရဲ၏ခေါင်းတွင်ပေါက်သောချိုဆယ်ခုအကြောင်းနှင့် နောက်ပေါက်ချိုငယ်တစ်ခုအကြောင်းကိုလည်း ငါသိလို၏။ ထိုချိုငယ်ရှေ့တွင်ပင် ချိုသုံးချောင်းသည် နုတ်ပစ်ခြင်းခံရ၏။ ထိုချိုငယ်သည် မျက်စိပါ၍ စကားကြီးစကားကျယ်ပြောဆိုတတ်သောနှုတ်ရှိပြီး အခြားချိုများထက်ထူးခြား၏။
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။
ထိုဘုရင်သည် မိမိအလိုအတိုင်း ပြုမူလိမ့်မည်။ ဘုရားတကာတို့ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်မြှောက်စားလိမ့်မည်။ ဘုရားတကာတို့၏ဘုရားကို ရင့်သီးကြမ်းကြုတ်သောစကားတို့ဖြင့် ဆန့်ကျင်ပြောဆိုလိမ့်မည်။ အမျက်တော်ကာလ ပြီးဆုံးသည်အထိ သူသည် အောင်မြင်မှုရလိမ့်မည်။ စီရင်ထားသောအရာသည် ဧကန်ဖြစ်လာလိမ့်မည်။
“အရှင့်အစေအပါးတို့၌ သန်မာသောသူအယောက်ငါးဆယ်ရှိပါ၏။ အရှင်၏သခင်ကို သွားရှာစေပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုဆောင်ယူပြီး တောင်တစ်ခုခုပေါ်တွင်ဖြစ်စေ၊ ချိုင့်ဝှမ်းတစ်နေရာရာတွင်ဖြစ်စေ ချထားကောင်းချထားလိမ့်မည်”ဟု ဆိုလျှင် ဧလိရှဲက “သွားမရှာစေနှင့်”ဟု ပြန်ပြော၏။
အကျွန်ုပ်ထွက်သွားသည်နှင့် ထာဝရဘုရား၏ဝိညာဉ်တော်က အရှင့်ကို အကျွန်ုပ်မသိနိုင်သောနေရာသို့ ဆောင်ယူသွားလျှင် အကျွန်ုပ်သည် အာဟပ်မင်းကြီးကို သွားလျှောက်တင်ပြီးမှ အရှင့်ကို မတွေ့သောအခါ အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်။ အရှင့်အစေအပါးအကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသူဖြစ်ပါ၏။