ထိုနေ့ရက်၌ တိုင်ရာမြို့သည် ရှင်ဘုရင်တစ်ပါး၏နန်းသက်အတိုင်း နှစ်ပေါင်းခုနစ်ဆယ် မေ့လျော့ခြင်းခံရမည်။ နှစ်ပေါင်းခုနစ်ဆယ်အဆုံး၌ တိုင်ရာမြို့သည် သီချင်းထဲက ပြည့်တန်ဆာမကဲ့သို့ ဖြစ်မည်။
ဗျာဒိတ် 17:10 - မြန်မာ့စံမီသမ္မာကျမ်း ဘုရင်ခုနစ်ပါးလည်းဖြစ်ကြ၏။ ငါးပါးသည် ကျဆုံးပြီ။ တစ်ပါးသည် ယခုရှိ၏။ ကျန်တစ်ပါးမှာ မပေါ်ထွန်းသေးပေ။ ပေါ်ထွန်းလာသောအခါ၌လည်း ခေတ္တခဏသာတည်ရလိမ့်မည်။ Common Language Bible ရှင်ဘုရင်ငါးပါးကားကျဆုံးသွားလေပြီ။ တစ်ပါးသည်အသက်ရှင်လျက်ရှိ၏။ အခြား တစ်ပါးမှာမပေါ်ထွန်းသေးပေ။ ပေါ်ထွန်း လာလျှင်လည်းခဏမျှသာအုပ်စိုးရလိမ့်မည်။- Garrad Bible ဘု ရင် မင်း ခု နစ် ပါး လည်း ဖြစ် သည့် အ လျောက် ငါး ပါး ကျ ပြီ။ တစ် ပါး ရှိ၏။ ကျန် တစ် ပါး မှာ မ ပေါ် သေး။ ပေါ် သည့် ကာ လ၊ တ ခ ဏ မျှ စံ ရ မည်။ Judson Bible ရှင်ဘုရင်ခုနစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီး၊ တစ်ပါးရှိသေး၏။ တစ်ပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တစ်ခဏသာတည်လိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှင်ဘုရင်ခုနစ်ပါးကိုလည်း ကိုယ်စားပြု၏။ ထိုခုနစ်ပါးတွင် ငါးပါးသည် ကျဆုံးပြီ။ ဆဋ္ဌမမြောက်ဘုရင်သည် ယခုနန်းစံလျက်ရှိ၏။ သတ္တမမြောက်ဘုရင်မှာ နန်းမတက်သေး။ နန်းတက်လျှင်လည်း သူ၏ နန်းသက်မှာ တိုတောင်းလိမ့်မည်။ |
ထိုနေ့ရက်၌ တိုင်ရာမြို့သည် ရှင်ဘုရင်တစ်ပါး၏နန်းသက်အတိုင်း နှစ်ပေါင်းခုနစ်ဆယ် မေ့လျော့ခြင်းခံရမည်။ နှစ်ပေါင်းခုနစ်ဆယ်အဆုံး၌ တိုင်ရာမြို့သည် သီချင်းထဲက ပြည့်တန်ဆာမကဲ့သို့ ဖြစ်မည်။
ထိုအခါ “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ ရှင်ဘုရင်များနှင့်ပတ်သက်၍ ထပ်မံ ပရောဖက်ပြုဟောပြောရမည်”ဟူသောအမိန့်ကို ငါခံရ၏။
ထိုသားရဲသည် ပထမသားရဲ၏အာဏာရှိသမျှကို သူ၏ရှေ့မှောက်၌သုံးစွဲပြီး ကမ္ဘာမြေကြီးမှစ၍ ၎င်းပေါ်တွင်နေထိုင်သောသူတို့အား သေစေသောဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။
ထိုသားရဲ၏ခေါင်းတစ်လုံးသည် သေအောင်သတ်ဖြတ်ခြင်းခံရပြီးသကဲ့သို့ဖြစ်သော်လည်း ထိုသေစေသောဒဏ်ရာသည် ပျောက်ကင်းသွားလေ၏။ ထိုအခါ တစ်ကမ္ဘာလုံးသည်အံ့ဩလျက် ထိုသားရဲနောက်သို့လိုက်ကြ၏။
ယခင်ရှိခဲ့ပြီး ယခုမရှိသောသားရဲသည် အဋ္ဌမဘုရင်ဖြစ်၏။ သူသည် ထိုခုနစ်ပါးထဲမှ တစ်ပါးလည်းဖြစ်ပြီး ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။