ကိုယ်တော်သည် ထိုပြည်သားတို့၏မြစ်များကို သွေးအဖြစ်ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် မိမိတို့၏မြစ်ရေကို သောက်၍မရခဲ့ကြပေ။
ဗျာဒိတ် 16:4 - မြန်မာ့စံမီသမ္မာကျမ်း တတိယကောင်းကင်တမန်သည် သူ၏ဖလားကို မြစ်များနှင့် စမ်းရေများပေါ်သို့သွန်းလောင်းသောအခါ ရေသည်သွေးဖြစ်သွားလေ၏။ Common Language Bible ထိုနောက်တတိယကောင်းကင်တမန်သည် မိမိ၏ဖလားမှအမျက်တော်ကိုမြစ်များ၊ စမ်း ပေါက်များပေါ်သို့သွန်းလောင်းလိုက်၏။ ထိုအခါ ရေတို့သည်သွေးအတိဖြစ်လေ၏။- Garrad Bible တ တိ ယ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို မြစ် များ၊ စမ်း ပေါက် များ ပေါ် သို့ သွန်း လောင်း သော် ရေ သည် သွေး ဖြစ် သ ဖြင့်၊ Judson Bible တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့လည်းကောင်း၊ စမ်းရေတွင်း ပေါ်သို့လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တတိယကောင်းကင်တမန်သည် သူ၏ ဖလားကို မြစ်များနှင့် စမ်းရေတွင်းများပေါ်သို့ သွန်းလောင်းလိုက်သောအခါ ရေသည် သွေးဖြစ်သွား၏။ |
ကိုယ်တော်သည် ထိုပြည်သားတို့၏မြစ်များကို သွေးအဖြစ်ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် မိမိတို့၏မြစ်ရေကို သောက်၍မရခဲ့ကြပေ။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ ‘သင်ကိုင်ထားသောတောင်ဝှေးကို မြစ်များ၊ ချောင်းများ၊ ရေအိုင်များပေါ်သို့ ဆန့်လော့။ ဖားများကို အီဂျစ်ပြည်တစ်လျှောက် တက်လာစေလော့’ဟူ၍ အာရုန်အား ပြောလော့”ဟု မိန့်တော်မူ၏။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
တောင်တန်းများပေါ်တွင် အသေကောင်များဖြင့် ပြည့်စေမည်။ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ မြစ်ချောင်းများတွင်လည်း ဓားဖြင့်သေသောသူတို့ ပုံလျက်နေလိမ့်မည်။
သူသည် ညီအစ်ကိုများထဲတွင် အသီးများစွာသီးတတ်သော်လည်း အရှေ့လေတည်းဟူသော ထာဝရဘုရား၏လေသည် တောကန္တာရမှတိုက်လာ၍ သူ၏စမ်းရေတွင်းနှင့်ရေထွက်ပေါက်တို့သည် ခန်းခြောက်လိမ့်မည်။ ဘဏ္ဍာတိုက်ရှိအဖိုးတန်ရတနာအားလုံး တိုက်ခိုက်လုယက်ခြင်းခံရလိမ့်မည်။
သူတို့ပရောဖက်ပြုဟောပြောသည့်နေ့ရက်များအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သည့်အခွင့်ရှိပြီး ရေကိုသွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သောအခွင့်မှစ၍ သူတို့အလိုရှိသည့်အခါတိုင်း ကမ္ဘာမြေကြီးကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်များရှိကြ၏။
ထိုကောင်းကင်တမန်က “ဘုရားသခင်တရားစီရင်တော်မူရာအချိန် ကျရောက်လာပြီဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့လျက် ဘုန်းတော်ကိုချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်စမ်းရေတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
ထိုအခါ ရေနှင့်ဆိုင်သောကောင်းကင်တမန်က “ယခုရှိလျက် ယခင်ကလည်းရှိသည့် သန့်ရှင်းတော်မူသောအရှင်၊ ဤအမှုအရာများကို ကိုယ်တော်စီရင်တော်မူသောကြောင့် ကိုယ်တော်သည်ဖြောင့်မတ်ပါ၏။