သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
ဗျာဒိတ် 16:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုဝိညာဉ်တို့သည် ဘုရင်များကို ဟေဗြဲဘာသာစကားအားဖြင့် အာမဂေဒုန်ဟုခေါ်သောအရပ်၌ စုဝေးစေကြ၏။ Common Language Bible ထိုနောက်ဝိညာဉ်တို့သည်ရှင်ဘုရင်တို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သောအရပ်သို့ခေါ်ဆောင်စုရုံး စေကြ၏။ Judson Bible အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနတ်ဆိုးတို့သည် ရှင်ဘုရင်များအားလုံးကို ဟေဗြဲဘာသာစကားဖြင့် “အာမဂေဒုန်” ဟု ခေါ်သောအရပ်တွင် စုဝေးစေ၏။ |
သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
ထိုနေ့ရက်တွင် မေဂိဒ္ဒေါလွင်ပြင်၊ ဟာဒဒြိမ္မုန်မြို့၌ ငိုကြွေးကြသကဲ့သို့ ဂျေရုဆလင်မြို့၌ ပြင်းထန်စွာငိုကြွေးကြလိမ့်မည်။
ပိလတ်မင်းသည် ထိုစကားတို့ကိုကြားသောအခါ ယေရှုကို အပြင်သို့ခေါ်ဆောင်လာ၍ ဟေဗြဲဘာသာစကားအားဖြင့် ဂဗ္ဗသအမည်ရှိသည့် ကျောက်ခင်းစင်္ကြံဟုခေါ်ဝေါ်သောနေရာမှ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ်ဟုခေါ်သောနေရာသို့ ထွက်သွားတော်မူ၏။ (ထိုအရပ်ကို ဟေဗြဲဘာသာစကားအားဖြင့် ဂေါလဂေါသဟုခေါ်သည်။)
ဂျေရုဆလင်မြို့၌ သိုးတံခါးအနီးတွင် ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒဟုခေါ်သည့် မုခ်ဆောင်ငါးဆောင်ရှိသောရေကန်တစ်ကန်ရှိ၏။
အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားရာ ဟေဗြဲဘာသာစကားဖြင့်‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း။ တုတ်ချွန်ကိုကန်ရန် သင့်အတွက်ခက်၏’ဟု အကျွန်ုပ်အားပြောသောအသံကို အကျွန်ုပ်ကြားရပါသည်။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
သူတို့၏ဘုရင်ကား အတိုင်းမသိနက်ရှိုင်းရာအရပ်၏စေတမန်ဖြစ်၏။ ထိုသူ၏အမည်မှာ ဟေဗြဲဘာသာစကားအားဖြင့် အဗဒ္ဒုန်ဟူ၍ဖြစ်ပြီး ဂရိဘာသာစကားအားဖြင့် အပေါလျုန်ဟူ၍ဖြစ်၏။
ငါသည်လည်း ယာဘိန်မင်းကြီး၏စစ်သူကြီးသိသရနှင့် သူ၏စစ်ရထားအလုံးအရင်းကို ကိရှုန်မြစ်သို့ လှည့်ပတ်ခေါ်ခဲ့ပြီး သင့်လက်သို့အပ်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူ့အားဆို၏။
ရှင်ဘုရင်တို့သည်လာ၍ စစ်တိုက်ကြ၏။ ခါနာန်ဘုရင်တို့သည် တာနက်မြို့၊ မေဂိဒ္ဒေါအိုင်နား၌ စစ်တိုက်ကြ၏။ တိုက်ခိုက်လုယူသောငွေကို မယူသွားကြ။