ထိုအခါ ထာဝရဘုရားထံမှမီးကျလာ၍ မီးရှို့ရာယဇ်ကောင်၊ ထင်း၊ ကျောက်၊ မြေမှုန့်တို့ကိုပါ လောင်ကျွမ်းသဖြင့် မြောင်းထဲမှရေများလည်း ခန်းခြောက်လေ၏။
ဗျာဒိတ် 13:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုမှတစ်ပါး ကြီးမားသောနိမိတ်လက္ခဏာများကိုပြုလျက် လူတို့ရှေ့တွင် ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုပင် ကျလာစေ၏။ Common Language Bible ဒုတိယသားရဲသည်အံ့သြဖွယ်နိမိတ်လက္ခ ဏာများကိုပြ၏။ လူအပေါင်းတို့မျက်မှောက် ၌ကောင်းကင်မှကမ္ဘာမြေပေါ်သို့မီးများ ကျလာစေ၏။- Garrad Bible လူ တို့ မျက် မှောက် တွင် ကောင်း ကင် က မြေ ကြီး သို့ လောင် မီး ကျ ခြင်း မှ စ သော မ ဟာ နိ မိတ် များ ကို ပြ ရာ၊ Judson Bible ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်း ပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် နိမိတ်လက္ခဏာကြီးများကို ပြလျက် လူအပေါင်းတို့ရှေ့တွင် ကောင်းကင်ဘုံမှ မီးကိုပင် မြေကြီးပေါ်သို့ ကျစေ၏။ |
ထိုအခါ ထာဝရဘုရားထံမှမီးကျလာ၍ မီးရှို့ရာယဇ်ကောင်၊ ထင်း၊ ကျောက်၊ မြေမှုန့်တို့ကိုပါ လောင်ကျွမ်းသဖြင့် မြောင်းထဲမှရေများလည်း ခန်းခြောက်လေ၏။
အီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် ထိုနည်းတူပြုကြ၏။ ထို့ကြောင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြု၍ ဖားများကို အီဂျစ်ပြည်တစ်လျှောက်သို့ တက်လာစေကြ၏။
နတ်ဝိဇ္ဇာဆရာများနှင့် အီဂျစ်လူမျိုးအားလုံးတို့၌ အနာစိမ်းပေါက်သဖြင့် နတ်ဝိဇ္ဇာဆရာတို့သည် အနာစိမ်းကြောင့် မောရှေ၏ရှေ့၌ မရပ်နိုင်ကြပေ။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကို ပြပေးပါရန် တောင်းဆိုကြ၏။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုကြလိမ့်မည်။
ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။
တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက သူတို့၏ခံတွင်းထဲမှ မီးထွက်လာ၍ သူတို့၏ရန်သူများကို လောင်ကျွမ်းစေမည်ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက ထိုသူသည် ထိုနည်းအတိုင်းအသေသတ်ခြင်းခံရမည်ဖြစ်၏။
ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။