သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့အားစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။
ဖိလေမုန် 1:17 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်သည် ငါ့ကို လုပ်ဖော်ဆောင်ဖက်အဖြစ်မှတ်ယူလျှင် ငါ့ကိုလက်ခံသကဲ့သို့ သူ့ကိုလက်ခံပါလော့။ Common Language Bible သို့ဖြစ်၍သင်သည်ငါ့အားမိမိ၏လုပ်ဖော် ဆောင်ဘက်အနေဖြင့် ကြိုဆိုလက်ခံသကဲ့ သို့သူ့အားကြိုဆိုလက်ခံပါလော့။- Garrad Bible သို့ ဖြစ်၍ ငါ့ ကို အ ဖော် အ ဖက် မှတ် ယူ လျှင် ငါ့ ကိုယ် တိုင် ကဲ့ သို့ သူ့ ကို လက် ခံ လော့။ Judson Bible သို့ဖြစ်၍ သင်သည် ငါ့ကို အပေါင်းအဖော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ကျွန်ုပ်ကို လုပ်ဖော်ကိုင်ဖက်အဖြစ် သတ်မှတ်လျှင် ကျွန်ုပ်ကိုလက်ခံသကဲ့သို့ သူ့ကိုလည်း လက်ခံလော့။ |
သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့အားစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
တိတုနှင့်ပတ်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်ပြီး သင်တို့အတွက် ငါနှင့်အတူလုပ်ဆောင်သောသူဖြစ်၏။ ငါတို့၏အခြားညီအစ်ကိုတို့နှင့်ပတ်သက်၍ပြောရလျှင် သူတို့သည် ခရစ်တော်၏ဘုန်းအသရေတည်းဟူသော အသင်းတော်များ၏စေတမန်ဖြစ်ကြ၏။
ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ အတူတကွအမွေဆက်ခံသူများ၊ တစ်ခုတည်းသောကိုယ်ခန္ဓာ၌ပါဝင်သူများ၊ ကတိတော်ကိုအတူတကွခံစားသူများဖြစ်ကြခြင်းပေတည်း။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
မိမိတို့သခင်သည် ယုံကြည်သူဖြစ်လျှင် သခင်သည် ညီအစ်ကိုဖြစ်သည်ဟုဆိုလျက် မထီမဲ့မြင်မပြုဘဲ သာ၍ကောင်းစွာအစေခံကြစေ။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအစေခံခြင်း၏အကျိုးကို ခံစားရသောသခင်သည် ယုံကြည်သူဖြစ်ပြီး မိမိချစ်ရသောသူလည်းဖြစ်၏။ သင်သည် ဤအရာများကိုသွန်သင်၍ တိုက်တွန်းနှိုးဆော်လော့။
အကယ်၍ သူသည် သင့်အပေါ်၌ ပြစ်မှားခြင်း၊ အကြွေးတင်ခြင်း တစ်စုံတစ်ခုရှိလျှင် ထိုအရာကို ငါ့တာဝန်ထားလော့။
သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
ငါတို့မြင်ရကြားရသောအရာကို သင်တို့အားပြောကြားရခြင်းမှာ သင်တို့သည်လည်း ငါတို့နှင့်မိတ်သဟာယဖွဲ့ခြင်းရှိစေရန်ဖြစ်၏။ ငါတို့၏မိတ်သဟာယဖွဲ့ခြင်းသည် ခမည်းတော်နှင့်လည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။