ငါသည် သင်တို့အကြောင်းကိုကြားသိ၍ အားတက်လာစေရန် တိမောသေကို သင်တို့ထံသို့ မကြာမီစေလွှတ်နိုင်မည်ဟု သခင်ယေရှု၌ ငါမျှော်လင့်ထား၏။
ဖိလိပ္ပိ 2:24 - မြန်မာ့စံမီသမ္မာကျမ်း ငါကိုယ်တိုင်လည်း မကြာမီရောက်လာနိုင်မည်ဟု သခင်ဘုရား၌ ငါယုံကြည်စိတ်ချ၏။ Common Language Bible သခင်ဘုရားကိုယုံကြည်ကိုးစားလျက်ငါကိုယ် တိုင်ပင်မကြာမီသင်တို့ထံသို့လာနိုင်လိမ့်မည်။ Garrad Bible ငါ ကိုယ် တိုင် လည်း မ ကြာ မီ ရောက် လာ မည် ဟု အ ရှင် ဘု ရား၌ စိတ် ချ လျက် ရှိ ၏။ Judson Bible ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲလမ်းသော စိတ်ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ကိုယ်တိုင်လည်း သင်တို့ထံသို့ မကြာမီရောက်လာမည်ဟု သခင်ဘုရားကြောင့် ကျွန်ုပ် ယုံကြည်စိတ်ချ၏။ |
ငါသည် သင်တို့အကြောင်းကိုကြားသိ၍ အားတက်လာစေရန် တိမောသေကို သင်တို့ထံသို့ မကြာမီစေလွှတ်နိုင်မည်ဟု သခင်ယေရှု၌ ငါမျှော်လင့်ထား၏။
တစ်ချိန်တည်းမှာပင် ငါ့အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားပါလော့။ အကြောင်းမူကား သင်တို့၏ဆုတောင်းခြင်းအားဖြင့် သင်တို့ထံသို့ရောက်ရှိရသောအခွင့်ကို ပေးတော်မူလိမ့်မည်ဟု ငါမျှော်လင့်နေ၏။
သင်တို့ထံ ငါရေးစရာများစွာရှိသော်လည်း စက္ကူနှင့်မင်ဖြင့်ငါမရေးလိုပေ။ ငါတို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်မည့်အကြောင်း သင်တို့ထံသို့လာ၍ မျက်နှာချင်းဆိုင်စကားပြောဆိုရန် ငါမျှော်လင့်ထား၏။
သင်နှင့်အလျင်အမြန်တွေ့၍ မျက်နှာချင်းဆိုင်စကားပြောဆိုရန် ငါမျှော်လင့်ထား၏။