သူသည် လုတ္တရနှင့်ဣကောနိမြို့ရှိ ညီအစ်ကိုတို့တွင် ဂုဏ်သတင်းကောင်းသောသူဖြစ်၏။
ဖိလိပ္ပိ 2:22 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် တိမောသေသည် ငါနှင့်အတူ သားအဖကဲ့သို့ ကောင်းမြတ်သောသတင်းအတွက် အစေခံခဲ့သောကြောင့် သူ၏ရင့်ကျက်သောပါရမီကို သင်တို့သိကြ၏။ Common Language Bible တိမောသေနှင့်ငါသည်သားအဖသဖွယ်အတူ တကွသတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော် ကိုအဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းကိုသင်တို့ သိကြ၏။- Garrad Bible တိ မော သေ မူ ကား သ တင်း တော် မြတ် တိုး ပွား စေ ခြင်း အ မှု ၌ သား အ ဘ ကဲ့ သို့ ငါ နှင့် အ တူ ဆောင် ရွက် လျက် သ ဘော ထင် ရှား ကြောင်း သင် တို့ သိ ၏။ Judson Bible သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တိမောသေကမူ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ သားအဖကဲ့သို့ သစ္စာရှိစွာ အစေခံပြီး ခရစ်တော်၏ အကျိုးကိုသာ ရှာကြောင်း သက်သေပြခဲ့သည်ကို သင်တို့သိကြ၏။ |
သူသည် လုတ္တရနှင့်ဣကောနိမြို့ရှိ ညီအစ်ကိုတို့တွင် ဂုဏ်သတင်းကောင်းသောသူဖြစ်၏။
သည်းခံခြင်းသည် ပါရမီရင့်ကျက်ခြင်းကိုလည်းကောင်း၊ ပါရမီရင့်ကျက်ခြင်းသည် မျှော်လင့်ခြင်းကိုလည်းကောင်း ဖြစ်ပေါ်စေသည်ကို ငါတို့သိကြ၏။
တိမောသေရောက်လာလျှင် သူသည် စိုးရိမ်ခြင်းမရှိဘဲ သင်တို့နှင့်အတူနေထိုင်နိုင်ရန် ဂရုစိုက်ကြလော့။ အကြောင်းမူကား သူသည် ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်နေ၏။
ဤအကြောင်းကြောင့် သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံသို့ ငါစေလွှတ်၏။ သူသည် အရပ်ရပ်တို့၌ အသင်းတော်တိုင်းတွင် ငါသွန်သင်သည့်အတိုင်း ခရစ်တော်ယေရှု၌ ငါလိုက်လျှောက်သောလမ်းတို့ကို သင်တို့အား သတိရစေလိမ့်မည်။
သင်တို့သည် အရာရာ၌ နာခံမှုရှိ၊ မရှိ ငါသိရှိနိုင်ရန်အတွက် သင်တို့ကိုစမ်းသပ်သည့်အနေဖြင့် ထိုစာကိုငါရေးသားခဲ့ခြင်းဖြစ်၏။
ထိုသူတို့နှင့်အတူ ငါတို့၏အခြားညီအစ်ကိုတစ်ဦးကိုလည်း စေလွှတ်လိုက်ပါ၏။ ငါတို့သည် သူ့ကို အကြိမ်ကြိမ်စစ်ဆေးပြီး သူသည် အကြောင်းကိစ္စများစွာတို့၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွေ့ရှိရ၏။ သူသည် သင်တို့အပေါ် ယုံကြည်စိတ်ချမှုအပြည့်အဝရှိသောကြောင့် ယခု ပို၍ပင်စိတ်အားထက်သန်လျက်ရှိ၏။
ထို့ကြောင့် သင်တို့၏ချစ်ခြင်းမေတ္တာနှင့် သင်တို့အကြောင်း ငါတို့ဝါကြွားထားသောအရာတို့ကို အသင်းတော်များရှေ့မှောက်၌ သူတို့အားသက်သေပြကြလော့။
ထိုသို့ဆိုသော် ပညတ်ချက်အနေဖြင့် ငါဆိုသည်မဟုတ်။ အခြားသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သင်တို့ချစ်ခြင်းမေတ္တာ၏စစ်မှန်မှုကို စစ်ဆေးနေခြင်းသာဖြစ်၏။
ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်သောအမှုအရာတို့သည် ကောင်းမြတ်သောသတင်းကို ပို၍ပြန့်ပွားစေခဲ့ကြောင်း သင်တို့အား သိစေလိုပါ၏။
စေတနာစိတ်ဖြင့် ဟောပြောသောသူတို့သည် ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေးသောသူအဖြစ် ငါ့ကိုခန့်အပ်ထားကြောင်းသိလျက် ချစ်ခြင်းမေတ္တာဖြင့် ဟောပြောကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပထမဦးဆုံးနေ့မှစ၍ ယခုတိုင်အောင် ကောင်းမြတ်သောသတင်းအတွက် ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့်ဖြစ်၏။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
အကြောင်းမူကား တိမောသေကဲ့သို့ ငါနှင့်စိတ်သဘောချင်းတူ၍ သင်တို့အကျိုးကို အမှန်တကယ်အလေးထားဂရုစိုက်မည့်သူ တစ်စုံတစ်ဦးမျှ ငါ၌မရှိ။
ငါ့သားတိမောသေ၊ သင်နှင့်ပတ်သက်၍ ယခင်ပရောဖက်ပြုဟောပြောထားသည့်အရာများနှင့်အညီ ဤညွှန်ကြားချက်ကို သင့်အား ငါပေး၏။ ဤသည်ကား သင်သည် ယုံကြည်ခြင်းနှင့်ကြည်လင်သောအသိစိတ်တို့ကိုစွဲကိုင်လျက် ထိုပရောဖက်ပြုဟောပြောထားသည့်အရာများအားဖြင့် ကောင်းသောတိုက်ပွဲကို တိုက်ခိုက်နိုင်မည့်အကြောင်းတည်း။
ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သောတိမောသေထံသို့ စာရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏သခင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။
ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။
ချစ်သားတိမောသေထံသို့ စာရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့သခင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။
သို့သော် သင်သည် ငါ၏သွန်သင်ချက်၊ အသက်ရှင်နေထိုင်မှု၊ အကြံအစည်၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌လည်းကောင်း၊
ငါသည် တူညီသောယုံကြည်ခြင်းအားဖြင့် စစ်မှန်သောငါ့သားဖြစ်သည့်တိတုထံသို့ ဤစာကို ရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။