ငါ၏ညီအစ်ကိုများနှင့် ငါ၏မိတ်ဆွေများကို ထောက်ထား၍ “သင့်အထဲ၌ ငြိမ်းချမ်းမှုရှိပါစေသော”ဟု ငါဆိုမည်။
ဖိလိပ္ပိ 2:2 - မြန်မာ့စံမီသမ္မာကျမ်း တစ်စိတ်တစ်သဘောတည်းရှိ၍ စိတ်ဝမ်းမကွဲဘဲ တူညီသောမေတ္တာရှိလျက် စိတ်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။ Common Language Bible သို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။- Garrad Bible တစ် သ ဘော တည်း၊ တစ် မေတ္တာ တည်း၊ တစ် စိတ် တည်း၊ တစ် ညီ တစ် ညွတ် တည်း နှင့် ငါ့ ရွှင် လန်း ခြင်း အ ကြောင်း ကို စုံ လင် ကြ စေ လော့။ Judson Bible သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘောတညီတညွတ်တည်း ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိခြင်း၊ အချင်းချင်း ချစ်ခင်ခြင်း၊ စိတ်သဘောထားတူညီခြင်း၊ ရည်ရွယ်ချက်တစ်ခုတည်း ရှိခြင်းတို့ဖြင့် ကျွန်ုပ်ကို အကြွင်းမဲ့ဝမ်းမြောက်စေကြလော့။ |
ငါ၏ညီအစ်ကိုများနှင့် ငါ၏မိတ်ဆွေများကို ထောက်ထား၍ “သင့်အထဲ၌ ငြိမ်းချမ်းမှုရှိပါစေသော”ဟု ငါဆိုမည်။
သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။
သူတို့အားလုံးသည် အမျိုးသမီးများနှင့် ယေရှု၏မယ်တော်မာရိမှစ၍ ကိုယ်တော်၏ညီတော်များနှင့်အတူ တစ်စိတ်တစ်သဘောတည်းဖြင့် ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုနေကြ၏။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေးနေကြ၏။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကို လူတို့အလယ်တွင်ပြုကြ၏။ သူတို့အားလုံးသည် ရှောလမုန်မုခ်ဆောင်၌ တစ်စုတစ်ဝေးတည်းနေကြ၏။
အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့် ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍ မထင်မှတ်ကြနှင့်။
ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းသို့ရောက်ကြလော့။ နှစ်သိမ့်ခြင်းကို ခံစားကြလော့။ တစ်စိတ်တစ်သဘောတည်းရှိ၍ သင့်မြတ်စွာနေကြလော့။ ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်းတို့၏ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ငါလာသောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများသည် ငါ့ကိုဝမ်းနည်းစေမည်စိုး၍ ဤအကြောင်းအရာကို ငါရေးလိုက်ခြင်းဖြစ်၏။ ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့ရှိသမျှ၏ဝမ်းမြောက်ခြင်းဖြစ်သည်ဟု သင်တို့အားလုံးနှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။
တိတုရောက်ရှိလာခြင်းအားဖြင့်သာမက သင်တို့ထံမှ တိတုခံစားရသောနှစ်သိမ့်မှုအားဖြင့်လည်း ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။ တစ်နည်းဆိုသော် သင်တို့သည် ငါ့ကိုလွမ်းဆွတ်နေကြောင်း၊ အလွန်ဝမ်းနည်းနေကြောင်းနှင့် ငါ့အပေါ်စေတနာစိတ်ထက်သန်လျက်ရှိကြောင်းကို ငါတို့အား တိတုပြောပြသောကြောင့် ငါသည် ပို၍ဝမ်းမြောက်၏။
ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။
ထိုသို့အားဖြင့် ငါသည် အချည်းနှီးပြေးခဲ့သည်မဟုတ်ကြောင်းနှင့် အချည်းနှီးအားထုတ်လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်လိမ့်မည်။
အကြောင်းမူကား တိမောသေကဲ့သို့ ငါနှင့်စိတ်သဘောချင်းတူ၍ သင်တို့အကျိုးကို အမှန်တကယ်အလေးထားဂရုစိုက်မည့်သူ တစ်စုံတစ်ဦးမျှ ငါ၌မရှိ။
ငါသည် ဧဝေါဒိနှင့်သုန္တုတ်တို့အား သခင်ဘုရား၌ တစ်စိတ်တစ်သဘောတည်းရှိကြရန် တိုက်တွန်းနှိုးဆော်ပါ၏။
အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။
သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။
ငါသည် သင်၏မျက်ရည်များကိုအောက်မေ့သဖြင့် ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝမည့်အကြောင်း သင်နှင့်တွေ့နိုင်ရန်တောင့်တနေ၏။
ဟုတ်ပေ၏။ ငါ့ညီ၊ ငါသည် သခင်ဘုရား၌ သင့်ထံမှ အကျိုးကျေးဇူးကိုရရှိလိုပါ၏။ ခရစ်တော်အားဖြင့် ငါ၏စိတ်နှလုံးကို ငြိမ်သက်ချမ်းသာစေပါလော့။
သင်၏သားသမီးအချို့တို့သည် ခမည်းတော်ဘုရားထံမှ ငါတို့ခံယူရရှိသောပညတ်တော်အတိုင်း သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေကြသည်ကို တွေ့ရသဖြင့် ငါအလွန်ဝမ်းမြောက်၏။
ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။