ထာဝရဘုရားက “လူကိုကိုးစားသောသူ၊ လူ၏လက်ရုံးအားကိုမှီခိုသောသူ၊ ထာဝရဘုရားထံမှ ကျောခိုင်းသွားသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။
ဖိလိပ္ပိ 2:19 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အကြောင်းကိုကြားသိ၍ အားတက်လာစေရန် တိမောသေကို သင်တို့ထံသို့ မကြာမီစေလွှတ်နိုင်မည်ဟု သခင်ယေရှု၌ ငါမျှော်လင့်ထား၏။ Common Language Bible ငါသည်သင်တို့၏အကြောင်းသတင်းကောင်းကို ကြား၍ အားတက်လာစေရန်သခင်ဘုရားအလို တော်ရှိလျှင် တိမောသေကိုသင်တို့ထံသို့မကြာ မီစေလွှတ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။- Garrad Bible သို့ ရာ တွင် သင် တို့၏ အ ဖြစ် အ နေ ကို ငါ သိ သ ဖြင့် စိတ် သက် သာ ခွင့် ရ ခြင်း ငှာ တိ မော သေ ကို မ ကြာ မီ လွှတ် လိုက် မည် ဟု အ ရှင် ယေ ရှု ၌ ငါ အောက် မေ့ ၏။ Judson Bible သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အကြောင်းကို ကျွန်ုပ်ကြား၍ အားတက်လာရန် သခင်ယေရှု အလိုတော်ရှိလျှင် တိမောသေကို သင်တို့ထံသို့ မကြာမီ စေလွှတ်မည်ဟု ကျွန်ုပ်မျှော်လင့်ပါ၏။ |
ထာဝရဘုရားက “လူကိုကိုးစားသောသူ၊ လူ၏လက်ရုံးအားကိုမှီခိုသောသူ၊ ထာဝရဘုရားထံမှ ကျောခိုင်းသွားသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။
ထို့နောက် ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုအရပ်၌ တိမောသေအမည်ရှိ တပည့်တော်တစ်ဦးရှိ၏။ သူသည် ယုံကြည်သူဂျူးအမျိုးသမီး၏သားဖြစ်သော်လည်း သူ၏ဖခင်မှာမူ ဂရိအမျိုးသားဖြစ်၏။
တစ်ဖန် ဟေရှာယကလည်း “ယေရှဲ၏အမြစ်ပေါက်လိမ့်မည်။ ထိုသူသည် လူမျိုးခြားတို့ကိုအုပ်ချုပ်ရန် ပေါ်ထွန်းသောသူဖြစ်၏။ လူမျိုးခြားတို့သည် သူ့ကိုမျှော်လင့်အားထားကြလိမ့်မည်”ဟု ဆိုထား၏။
ငါ၏လုပ်ဖော်ဆောင်ဖက်တိမောသေ၊ ငါ့အမျိုးသားချင်း လုကိ၊ ယာသုန်နှင့် သောသိပါတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
ဤအကြောင်းကြောင့် သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံသို့ ငါစေလွှတ်၏။ သူသည် အရပ်ရပ်တို့၌ အသင်းတော်တိုင်းတွင် ငါသွန်သင်သည့်အတိုင်း ခရစ်တော်ယေရှု၌ ငါလိုက်လျှောက်သောလမ်းတို့ကို သင်တို့အား သတိရစေလိမ့်မည်။
သင်တို့သည်လည်း သင်တို့၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို ထိုသခင်၌ကြားရ၍ ကိုယ်တော်ကိုယုံကြည်သဖြင့် ကတိထားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
ယေရှုခရစ်တော်၏အစေအပါးများဖြစ်ကြသော ငါပေါလုနှင့်တိမောသေတို့သည် ဖိလိပ္ပိမြို့၌နေကြသော ကြီးကြပ်သူများ၊ သင်းထောက်များနှင့်တကွ ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့မြင်၍ ဝမ်းမြောက်ကြစေရန်နှင့် ငါသည်လည်း စိတ်သက်သာရာရစေရန် သူ့ကို မဆိုင်းမတွငါစေလွှတ်၏။
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ ထိုသို့ပြုခြင်းသည်လည်း သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ အချင်းချင်းအပေါ်၌ထားသော သင်တို့တစ်ဦးစီ၏ချစ်ခြင်းမေတ္တာသည်လည်း ပွားများလျက်ရှိ၏။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
ထို့ကြောင့် “ထာဝရဘုရားအလိုတော်ရှိလျှင် ငါတို့သည် အသက်ရှင်၍ ဤအမှု၊ သို့မဟုတ် ထိုအမှုကိုပြုကြမည်”ဟုသာ သင်တို့ဆိုသင့်၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။