အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နေ​ဟ​မိ 9:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး ကျွေးမွေး​တော်မူ​သဖြင့် သူ​တို့​၌ မည်သည့် လိုအပ်​ချက်​မျှ​မ​ရှိ​။ သူ​တို့​၏​အဝတ်​များ​သည် မ​ဟောင်းနွမ်း​၊ သူ​တို့​၏​ခြေ​တို့​သည်​လည်း ရောင်ရမ်း​ခြင်း​မ​ရှိ​။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​နှစ်​လေး​ဆယ်​ပတ်​လုံး​သဲ​ကန္တာ​ရ​တွင် ကိုယ်​တော်​သည်​သူ​တို့​လို​သ​မျှ​သော အ​စား​အ​စာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အ​ဝတ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​ဟောင်း​မ​နွမ်း​ရ​ပါ။ သူ​တို့​၏​ခြေ​သည်​မ​ပွန်း​မ​ရောင်​ရ​ပါ။

အခန်းကိုကြည့်ပါ။

Garrad Bible

သဲ က န္တာ ရ တွင်၊ နှစ် ပေါင်း လေး ဆယ် ပတ် လုံး၊ မ တောင့် မ တ ရ အောင် စား နပ် ရိ က္ခာ ကို ထောက် မ တော် မူ၍၊ အ ဝတ် နွမ်း ရိ ခြင်း၊ ခြေ ပေါက် ကွဲ ခြင်း များ မ ရှိ ရ ချေ။

အခန်းကိုကြည့်ပါ။

Judson Bible

အ​နှစ်​လေး​ဆယ်​ပတ်​လုံး သူ​တို့​ကို အ​လျှင်း​မ​ဆင်း​ရဲ​စေ​ခြင်း​ငှာ ကျွေး​မွေး​တော်​မူ၏။ သူ​တို့​အ​ဝတ် မ​ဟောင်း​မ​နွမ်း​ရ။ သူ​တို့​ခြေ​သည်​လည်း မ​ပွန်း​မ​ရောင်​ရ။

အခန်းကိုကြည့်ပါ။



နေ​ဟ​မိ 9:21
9 ပူးပေါင်းရင်းမြစ်များ  

ခြင်္သေ့ပျို​တို့​သည် အစာ​ချို့တဲ့​၍ ဆာလောင်မွတ်သိပ်​တတ်​ကြ​၏​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ချို့တဲ့​လိမ့်မည်​မ​ဟုတ်​။


အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အခြေချ​နေထိုင်​မည့်​ပြည်​သို့​မ​ရောက်​မ​ချင်း အနှစ်​လေးဆယ်​ပတ်လုံး မန္နမုန့်​ကို​စား​ကြ​၏​။ သူ​တို့​သည် ခါနာန်​ပြည်​နယ်နိမိတ်​သို့​မ​ရောက်​မ​ချင်း မန္နမုန့်​ကို​စား​ကြ​၏​။


အို အစ္စရေး​အမျိုးအနွယ်​တို့​၊ တောကန္တာရ​ထဲ၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​နေစဉ် ငါ့​ထံ ယဇ်ကောင်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို သင်​တို့ ပူဇော်​ဖူး​သလော​။


အနှစ်​လေးဆယ်​ခန့်မျှ​သော​ကာလ​ပတ်လုံး တော​ကန္တာရ​တွင် သူ​တို့​ကို သည်းခံ​တော်မူ​၏။


အကယ်စင်စစ် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ပြု​လေရာရာ​၌ ကောင်းချီးပေး​တော်မူ​ပြီ​။ ဤ​ကြီးမား​သော​တောကန္တာရ​ကို သင်​တို့​ဖြတ်သွား​ရ​ကြောင်း ကိုယ်တော်​သိ​တော်မူ​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​အနှစ်​လေးဆယ်​ပတ်လုံး သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သည်​ဖြစ်၍ သင်​တို့​၌ ချို့တဲ့​ခြင်း​မ​ရှိ”​ဟူ၍ ဆင့်ဆို​လော့​’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​သည်​ကို သင်​တို့​သိမြင်​မည့်​အကြောင်း သင်​တို့​ကို အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​ထဲ၌ ပို့ဆောင်​ခဲ့​၏​။ သင်​တို့​ကိုယ်​ပေါ်​မှ အဝတ်အစား မ​ဟောင်းနွမ်း​။ သင်​တို့​ခြေ​မှ​ဖိနပ်​သည်​လည်း မ​စုတ်​မ​ပြတ်​။


ဤ​အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​ခဲ့​သည့် လမ်းခရီး​တစ်လျှောက်​ကို သင်​တို့​အောက်မေ့​ရ​မည်​။ ဤသည်မှာ ပညတ်တော်​များ​ကို သင်​တို့​စောင့်ထိန်း​လို​စိတ်​ရှိ​၊ မ​ရှိ သိ​မည့်​အကြောင်း​သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​နှိမ့်ချ​တော်မူ​၍ စမ်းသပ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။


ဤ​အနှစ်​လေးဆယ်​ပတ်လုံး သင့်​ကိုယ်​ပေါ်မှ အဝတ်အစား မ​ဟောင်းနွမ်း​၊ သင်​၏​ခြေ​သည်​လည်း ရောင်ရမ်း​ခြင်း​မ​ရှိ​။