အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နေ​ဟ​မိ 8:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ပညတ်တရားကျမ်း​၌ သတ္တမ​လ​ပွဲခံ​ချိန်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ယာယီတဲ​၌​နေ​ရ​ကြ​မည်​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​မော​ရှေ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​ထား​တော်​မူ​သော ပ​ညတ်​ကျမ်း​တွင် သစ်​ခက်​တဲ​နေ​ပွဲ​တော်​အ​ခါ​၌ ဣ​သ​ရေ​လ အ​မျိုး​သား​များ​သည်​ယာ​ယီ​တဲ​များ​တွင် နေ​ထိုင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​ပြ​ဋ္ဌာန်း ထား​သည်​ကို​တွေ့​ရှိ​ကြ​ရ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပ ဌ မ လ ပူ ဇော် ပွဲ တွင်၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ တဲ၌ တည်း ခို ကြ ရ မည့် အ ကြောင်း နှင့်၊ တောင် ပေါ် သို့ တက်၍၊ သံ လွင် အ ယဉ် အ ရိုင်း၊ ကျောက် ပန်း၊ စွန် ပ လွံ မှ စ သော အ ရွက် ဖြာ သည့် အ ခက် အ လက် များ ကို၊ ကျမ်း ဆို ချက် အ တိုင်း ယူ ဆောင် တဲ ထိုး ကြ လော့ ဟု၊ ယေ ရု ရှ လင် မြို့ နှင့် တ ကွ မြို့ ရွာ တိုင်း ကြော် ငြာ ကြ ရ မည့် အ ကြောင်း၊ မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် ကို ပ ည တ္တိ ကျမ်း၌ တွေ့ ကြ သည် နှင့် အ ညီ၊ မြို့ သား တို့ ထွက် သွား ဆောင် ယူ လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

သ​တ္တ​မ​လ​ပွဲ​ကို​ခံ​ကြ​စဉ်၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ နေ​ရ​ကြ​မည်​ဟု မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​ကြောင်း​ကို တွေ့​ကြ၏။

အခန်းကိုကြည့်ပါ။



နေ​ဟ​မိ 8:14
8 ပူးပေါင်းရင်းမြစ်များ  

ယာကုပ်​မူကား သုကုတ်​အရပ်​သို့​ခရီးပြု​၍ ထို​အရပ်​၌ အိမ်​ကို​ဆောက်​လေ​၏​။ မိမိ​တိရစ္ဆာန်​များ​အတွက်​လည်း ယာယီတဲ​များ​ကို​ဆောက်​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို သုကုတ် ဟု​ခေါ်​၏​။


ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း ယာယီတဲစု​ပွဲတော်​ကို​လည်း ကျင်းပ​ကြ​၏​။ စီရင်ထုံးဖွဲ့ချက်​အရ တစ်ရက်စီ​အတွက်​ပူဇော်​ရ​မည့် ယဇ်ကောင်​အရေအတွက်​နှင့်အညီ မီးရှို့ရာယဇ်​များ​ကို​လည်း နေ့စဉ်​ပူဇော်​ကြ​၏​။


ဒုတိယ​နေ့​တွင် လူ​အပေါင်း​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​သား​များ​သည် ပညတ်တရား​စကား​များ​ကို လေ့လာသင်ယူ​ရန် ကျမ်းပြုဆရာ​ဧဇရ​ထံ စုဝေး​လာ​ကြ​၏​။


“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သတ္တမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​မှစ၍ ခုနစ်​ရက်​ပတ်လုံး ထာဝရဘုရား​အဖို့ ယာယီတဲစု​ပွဲ ကျင်းပ​ရ​မည်​။


သို့ရာတွင် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ယာယီ​တဲစု​ပွဲတော်​နီးကပ်​လာ​သောအခါ