ဟာနနိယ၏သားများမှာ ပေလတိ၊ ယေရှာယ တို့ဖြစ်ကြ၏။ ယေရှာယ၏သားမှာ ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားမှာ ဩဗဒိ၊ ဩဗဒိ၏သားမှာ ရှေခနိ တို့ဖြစ်ကြ၏။
နေဟမိ 6:18 - မြန်မာ့စံမီသမ္မာကျမ်း တောဘိသည် အာရာ၏သားဖြစ်သောရှေခနိ၏သမက်ဖြစ်သည်သာမက သူ့သားယေဟောဟနန်သည် ဗေရခိ၏သားဖြစ်သူမေရှုလံ၏သမီးနှင့် စုံဖက်သောကြောင့် ယုဒလူအများအပြားတို့က သူ့ထံ သစ္စာခံကြ၏။ Common Language Bible သူသည်အာရာ၏သား၊ရှေကနိ၏သမက် ဖြစ်သဖြင့် ယုဒအမျိုးသားအမြောက် အမြားပင်သူ၏ဘက်သို့ပါကြ၏။ ထို့ ပြင်သူ၏သားယောဟနန်သည်ဗေရခိ ၏သား၊ မေရှုလံ၏သမီးနှင့်အိမ်ထောင် ကျ၏။- Judson Bible တောဘိသည် အာရာသား ရှေကနိ၏သမက် ဖြစ်သောကြောင့်လည်းကောင်း၊ သူ၏သား ယောဟနန်သည် ဗေရခိသား မေရှုလံသမီးနှင့် စုံဖက်သောကြောင့်လည်းကောင်း၊ ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။ |
ဟာနနိယ၏သားများမှာ ပေလတိ၊ ယေရှာယ တို့ဖြစ်ကြ၏။ ယေရှာယ၏သားမှာ ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားမှာ ဩဗဒိ၊ ဩဗဒိ၏သားမှာ ရှေခနိ တို့ဖြစ်ကြ၏။
သူ၏ဘေးတွင် ရှေလမိ၏သားဟာနနိယနှင့် ဇာလပ်၏ဆဋ္ဌမမြောက်သားဟာနုန်တို့ ပြုပြင်ကြ၏။ သူတို့၏ဘေးတွင် ဗေရခိ၏သားမေရှုလံသည် မိမိအိမ်ရှေ့တွင် ပြုပြင်၏။
သူတို့၏ဘေးတွင် ဟက္ကုတ်၏မြေး၊ ဥရိယ၏သားမေရမုတ် ပြုပြင်၏။ သူ၏ဘေးတွင် မေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံ ပြုပြင်၏။ သူ၏ဘေးတွင် ဗာနာ၏သားဇာဒုတ် ပြုပြင်၏။
ထိုနေ့ရက်တို့၌ ယုဒခေါင်းဆောင်တို့သည် တောဘိထံသို့ စာလွှာများရေးပို့၍ တောဘိကလည်း သူတို့ထံ စာပြန်ခဲ့၏။
သူတို့က တောဘိကောင်းကြောင်းကို ငါ့အားပြောပြ၍ ငါပြောသောစကားတို့ကို တောဘိအား ပြန်ပြောကြ၏။ ထိုအခါ တောဘိသည် ငါ့အား ခြိမ်းခြောက်စာများကို ပို့လေ့ရှိ၏။