အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကို ရှုတ်ချ၍ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် လေဝိအမျိုးတို့၏ပဋိညာဉ်ကို ဖောက်ဖျက်သောကြောင့် သူတို့ကို မှတ်တော်မူပါ။
နေဟမိ 6:14 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ တောဘိနှင့် သမ္ဘာလတ်တို့၏လုပ်ရပ်ကို မှတ်တော်မူပါ။ ပရောဖက်မ နောဒိနှင့် ကျန်ပရောဖက်တို့၏ခြိမ်းခြောက်မှုကိုလည်း မှတ်တော်မူပါ။ Common Language Bible ``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။ Garrad Bible အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ထို သို့ ပြု သော တော ဘိ ယ နှင့် သ မ္ဘာ လတ် တို့ ကို လည်း ကောင်း၊ အ ကျွန်ုပ် အား ခြောက် လှန့် သူ ပ ရော ဖက် မ နော ဒိ နှင့် တ ကွ၊ အ ခြား ပ ရော ဖက် တို့ ကို လည်း ကောင်း မှတ် တော် မူ ပါ။ Judson Bible အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကိုလည်းကောင်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းခြောက်သော ပရောဖက်တို့ကိုလည်းကောင်း မှတ်တော်မူပါ။ |
အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကို ရှုတ်ချ၍ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် လေဝိအမျိုးတို့၏ပဋိညာဉ်ကို ဖောက်ဖျက်သောကြောင့် သူတို့ကို မှတ်တော်မူပါ။
အို အကျွန်ုပ်၏ဘုရားသခင်၊ ဤလူမျိုးအတွက် အကျွန်ုပ်ပြုသောကောင်းမှုအလုံးစုံကို သတိရတော်မူပါ။
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်ကိုကြိုးစား၍ရှာပါ၏။ ရေမရှိ၊ ခြောက်သွေ့ကွဲအက်သောမြေ၌ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။ အကျွန်ုပ်၏သွေးသားသည်လည်း ကိုယ်တော်ကိုတမ်းတပါ၏။
အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
ထို့ကြောင့် ထာဝရဘုရားက ထိုပရောဖက်တို့သည် ငါမစေလွှတ်ဘဲ ငါ့နာမဖြင့် ‘ဤပြည်၌ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးမရှိ’ဟု ပရောဖက်ပြုဟောပြောကြသောကြောင့် သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဆုံးစေမည်။
ကွင်းပြင်သို့ထွက်သွားသော် ဓားဖြင့်အသတ်ခံရသောသူတို့ကို တွေ့ရ၏။ မြို့ထဲသို့ဝင်သော် ငတ်မွတ်ခေါင်းပါးခြင်းဝေဒနာခံစားနေရသောသူတို့ကို တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် သူတို့မသိသောပြည်သို့ သွားကြပြီ’ဟူသောစကားကို ပြောကြားရမည်”ဟု မိန့်တော်မူ၏။
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
ထိုအခါ ပရောဖက်ဟာနနိယသည် ပရောဖက်ယေရမိ၏ပခုံးမှ ထမ်းပိုးကိုယူ၍ ချိုးပစ်ပြီးလျှင်
ပရောဖက်ယေရမိက ပရောဖက်ဟာနနိယအား “ဟာနနိယ ယခုနားထောင်လော့။ ထာဝရဘုရားသည် သင့်ကိုစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤလူမျိုးအား မုသားကို ယုံစားစေပြီ။
များစွာသောပရောဖက်အတုအယောင်တို့သည် ပေါ်လာ၍ လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။
တစ်စုံတစ်ယောက်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးပြုနေသည့် မိမိညီအစ်ကိုကိုတွေ့လျှင် သူသည် ဆုတောင်းရမည်။ ထိုအခါ ဘုရားသခင်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်ပြုနေသည့် ထိုညီအစ်ကိုအား အသက်ကိုပေးတော်မူလိမ့်မည်။ သေခြင်းသို့ပို့ဆောင်သောအပြစ်မျိုးရှိ၏။ ထိုသို့သောအပြစ်အတွက် တောင်းလျှောက်ရမည်ဟု ငါမဆိုလို။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။