ထိုအခါ ငါက “ငါကဲ့သို့သောလူက ပြေးပုန်းရမည်လော။ အသက်ချမ်းသာရာရရန် ဗိမာန်တော်ထဲ ဝင်ပုန်းရမည်လော။ ငါမဝင်နိုင်ပါ”ဟု ပြန်ပြော၏။
နေဟမိ 6:12 - မြန်မာ့စံမီသမ္မာကျမ်း ရှေမာယသည် ဘုရားသခင်စေလွှတ်၍မဟုတ်၊ တောဘိနှင့်သမ္ဘာလတ်တို့က ငှားရမ်းထားသူဖြစ်သဖြင့် ငါ့ကို ဆန့်ကျင်ပြီး ပရောဖက်ပြုနေသည်ကို ငါကောင်းကောင်းသိ၏။ Common Language Bible ဤအမှုကိုငါစဉ်းစားဆင်ခြင်သောအခါ ယင်းသို့ရှေမာယငါ့အားသတိပေးသည် မှာ သူ့အားဘုရားသခင်မှာကြားထားတော် မူသောကြောင့်မဟုတ်။ တောဘိနှင့်သမ္ဘာလတ် တို့တံစိုးလက်ဆောင်ပေး၍ စေခိုင်းထားသော ကြောင့်ဖြစ်ကြောင်းရိပ်မိသည်။- Garrad Bible ငါ မ ဝင် ထိုက် ဟု ပြန် ပြော ခြင်း အ ကြောင်း ကား၊ ထို သူ သည် ဘု ရား သ ခင် စေ လွှတ် သူ မ ဟုတ်။ ငါ ကြောက် ရွံ့ ၍ ထို သို့ ပြစ် မှား မိ က၊ နာ မည် ပျက် လျက် ကဲ့ ရဲ့ ဖွယ် ရာ ဖြစ် စေ ရန်၊ တော ဘိ ယ နှင့် သ မ္ဘာ လတ် တို့ ငှား၍ ဟော ပြော သည် ကို ငါ ရိပ် မိ ၏။ Judson Bible ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့်သမ္ဘာလတ် ငှားသောကြောင့်၊ ထိုသို့ ငါ့တစ်ဖက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။ |
ထိုအခါ ငါက “ငါကဲ့သို့သောလူက ပြေးပုန်းရမည်လော။ အသက်ချမ်းသာရာရရန် ဗိမာန်တော်ထဲ ဝင်ပုန်းရမည်လော။ ငါမဝင်နိုင်ပါ”ဟု ပြန်ပြော၏။
ငါကြောက်ရွံ့ပြီး သူဆိုသည့်အတိုင်းပြုမည်ဆိုလျှင် ငါသည် အပြစ်ပြုမိမည်။ သို့ဖြစ်လျှင် ငါ့နာမည်ပျက်၍ သူတို့ကဲ့ရဲ့ရှုတ်ချနိုင်မည်။ ထို့အတွက် ရှေမာယကို ငှားရမ်းခြင်းဖြစ်၏။
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
ထာဝရဘုရားကလည်း “ထိုပရောဖက်တို့သည် ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ငါသည် သူတို့ကိုမစေလွှတ်၊ မမိန့်မှာ၊ မမြွက်ဆို။ သူတို့သည် သင်တို့အား မဟုတ်မမှန်သောဗျာဒိတ်နိမိတ်၊ ဂမ္ဘီရအတတ်၊ အကျိုးမဲ့သောအရာ၊ သူတို့စိတ်ထဲရှိလှည့်စားမှုအတိုင်း ပရောဖက်ပြုကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အား ပရောဖက်ပြုဟောပြောသော ပရောဖက်တို့စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အဓိပ္ပာယ်မဲ့သောစကားကို ဟောပြောကြ၏။ ထာဝရဘုရား၏နှုတ်ထွက်စကားမဟုတ်ဘဲ မိမိတို့စိတ်သဘောအတိုင်း ဗျာဒိတ်နိမိတ်ကို ဟောပြောတတ်ကြ၏။
“ငါ့နာမဖြင့် မဟုတ်မမှန် ပရောဖက်ပြုဟောပြောသော ပရောဖက်တို့က ‘ငါအိပ်မက်ရပြီ၊ ငါအိပ်မက်ရပြီ’ဟု ပြောဆိုသည်ကို ငါကြားရပြီ။
ပရောဖက်ယေရမိက ပရောဖက်ဟာနနိယအား “ဟာနနိယ ယခုနားထောင်လော့။ ထာဝရဘုရားသည် သင့်ကိုစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤလူမျိုးအား မုသားကို ယုံစားစေပြီ။
သင်တို့သည် မုယောဆန်လက်တစ်ဆုပ်စာ၊ မုန့်တစ်လုတ်စာရရှိရန် ငါ့လူမျိုးတော်အလယ်တွင် ငါ့ကိုရှုတ်ချကြပြီ။ အလိမ်အညာစကားကိုယုံလွယ်သော ငါ့လူမျိုးတော်တို့ကို လိမ်ညာပြီး မသေသင့်သူကို သေအောင်၊ သေသင့်သူကို မသေအောင် လုပ်ကြပြီတကားဟု မိန့်တော်မူ၏။
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
ငါမမိန့်မှာသော်လည်း ထာဝရဘုရား မိန့်တော်မူသည်ဟု သင်တို့ဆိုလျက် မဟုတ်မမှန်သောစိတ်အာရုံကိုမြင်၍ လိမ်လည်ပြောဆိုကြပြီမဟုတ်လော’ဟု မိန့်တော်မူ၏။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
အခြားတစ်ဦးအား တန်ခိုးလက္ခဏာပြုသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ပရောဖက်ပြုဟောပြောသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိရှိနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ထိုဘာသာစကားများ၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။
ဝိညာဉ်သဘောရှိသောသူမူကား ခပ်သိမ်းသောအရာတို့ကို ပိုင်းခြား၍သိတတ်၏။ သို့သော် ထိုသူကို မည်သူကမျှ ပိုင်းခြား၍မသိနိုင်။
သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။
သစ်ကြံပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ လူ့ကိုယ်ခန္ဓာနှင့် လူ၏အသက်တို့ပင်ဖြစ်ကြ၏။